မိုက်မဲသောသူတို့၏နှုတ်မှသုတ္တံစကားသည် ခြေမသန်စွမ်းသောသူ၏တွဲလျားကျနေသည့် ခြေတို့နှင့်တူ၏။
မဿဲ 7:4 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် မိမိမျက်စိ၌သစ်တုံးရှိလျက်ပင် သင့်ညီအစ်ကိုအား ‘သင်၏မျက်စိထဲမှ သစ်အမှုန်အစကို ထုတ်ပေးပါရစေ’ဟု မည်သို့ပြောနိုင်မည်နည်း။ Common Language Bible သင်၏မျက်စိထဲကသစ်တုံးရှိနေပါလျက် အဘယ်ကြောင့်ညီအစ်ကိုအား `သင်၏မျက်စိ ထဲကငြောင့်ငယ်ကိုထုတ်ပေးပါရစေ' ဟုပြော သနည်း။- Garrad Bible ကိုယ့် မျက် စိ၌ တုံး ရှိ လျက် သင့် မျက် စိ၌ ရှိ သော အ မှိုက် ကို ထုတ် ပစ် ပါ ရေ စေ ဟု ညီ အစ် ကို အား မည် သို့ ဆို မည် နည်း။ Judson Bible ကိုယ်မျက်စိ၌ တံကျင်ရှိလျက်ပင် ညီအစ်ကိုအား သင်၏မျက်စိ၌ရှိသော ငြောင့်ငယ်ကို ထုတ်ပါရစေဟု အဘယ်သို့ဆိုသနည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်၏မျက်စိထဲ၌ သစ်တုံးရှိနေပါလျက် ‘မိတ်ဆွေ… သင်၏မျက်စိထဲက သစ်မှုန်စကို ထုတ်ပေးပါရစေ’ ဟူ၍ သင့်မိတ်ဆွေကို အဘယ်ကြောင့်ပြောရသနည်း။ မြန်မာ ကိုယ်မျက်စိ၌ တံကျင်ရှိလျက်ပင် ညီအစ်ကိုအား သင်၏မျက်စိ၌ရှိသော ငြောင့်ငယ်ကို ထုတ်ပါရစေဟု အဘယ်သို့ဆိုသနည်း။- |
မိုက်မဲသောသူတို့၏နှုတ်မှသုတ္တံစကားသည် ခြေမသန်စွမ်းသောသူ၏တွဲလျားကျနေသည့် ခြေတို့နှင့်တူ၏။
မျက်စိမမြင်သောလမ်းပြတို့၊ သင်တို့သည် မှက်ကောင်ကိုစစ်ထုတ်ကြသော်လည်း ကုလားအုတ်ကိုမူကား မျိုချကြ၏။
သင်သည် မိမိမျက်စိ၌ရှိသောသစ်တုံးကို သတိမမူဘဲ သင့်ညီအစ်ကို၏မျက်စိ၌ရှိသောသစ်အမှုန်အစကို အဘယ်ကြောင့်မြင်သနည်း။
သူတော်ကောင်းယောင်ဆောင်သောသူ၊ သင်၏မျက်စိထဲမှ သစ်တုံးကို ဦးစွာထုတ်ပစ်လော့။ ထိုအခါ သင့်ညီအစ်ကို၏မျက်စိထဲမှ သစ်အမှုန်အစကိုထုတ်ပစ်ရန် ရှင်းလင်းစွာမြင်ရလိမ့်မည်။
သင်သည် မိမိမျက်စိထဲမှ သစ်တုံးကိုမမြင်ဘဲ ‘ညီအစ်ကို၊ သင်၏မျက်စိထဲမှ သစ်အမှုန်အစကို ထုတ်ပေးပါရစေ’ဟု သင့်ညီအစ်ကိုအား မည်သို့ပြောနိုင်မည်နည်း။ သူတော်ကောင်းယောင်ဆောင်သောသူ၊ သင်၏မျက်စိထဲမှ သစ်တုံးကို ဦးစွာထုတ်ပစ်လော့။ ထိုအခါ သင့်ညီအစ်ကို၏မျက်စိထဲမှ သစ်အမှုန်အစကိုထုတ်ပစ်ရန် ရှင်းလင်းစွာမြင်ရလိမ့်မည်။