ယေရှုသည် ဤအကြောင်းကိုသိ၍ ထိုအရပ်မှ ထွက်ခွာသွားတော်မူရာ များစွာသောလူထုပရိသတ်တို့သည် နောက်တော်သို့လိုက်ကြသဖြင့် သူတို့အားလုံးကို ကျန်းမာစေတော်မူပြီးလျှင်
မဿဲ 4:25 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ဂါလိလဲနယ်၊ ဒေကာပေါလိနယ်၊ ဂျေရုဆလင်မြို့၊ ယုဒနယ်နှင့် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းတို့မှ များစွာသောလူထုပရိသတ်တို့သည် နောက်တော်သို့လိုက်ကြ၏။ Common Language Bible ဂါလိလဲပြည်၊ ဒေကပေါလိပြည်၊ ယေရုရှလင် မြို့၊ ယုဒပြည်နှင့်ယော်ဒန်မြစ်တစ်ဖက်ကမ်းမှ လူပရိသတ်ကြီးများသည်ကိုယ်တော်၏နောက် တော်သို့လိုက်ကြကုန်၏။ Garrad Bible ဂါ လိ လဲ နယ်၊ ဒေ က ပေါ လိ နယ်၊ ယေ ရု ရှ လင် မြို့၊ ယု ဒ နယ်၊ ယော် ဒန် မြစ် တစ် ဖက် မှ များ စွာ သော လူ ပ ရိ သတ် တို့ လည်း နောက် တော် က လိုက် ကြ၏။ Judson Bible ဂါလိလဲပြည်၊ ဒေကပေါလိပြည်၊ ယေရှုရှလင်မြို့မှစသော ယုဒပြည်၊ ယော်ဒန်မြစ်တစ်ဖက်မှ လာသော လူများအပေါင်းတို့သည် နောက်တော်သို့လိုက်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဂါလိလဲပြည်၊ ဒေကာပေါလိပြည်၊ ဂျေရုဆလင်မြို့၊ ယုဒပြည်နှင့် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းမှ လူအုပ်ကြီးသည် ယေရှုနောက်တော်သို့ လိုက်ကြ၏။ မြန်မာ ဂါလိလဲပြည်၊ ဒေကပေါလိပြည်၊ ယေရှုရှလင်မြို့မှစသော ယုဒပြည်၊ ယော်ဒန်မြစ်တစ်ဖက်မှ လာသော လူများအပေါင်းတို့သည် နောက်တော်သို့လိုက်ကြ၏။ |
ယေရှုသည် ဤအကြောင်းကိုသိ၍ ထိုအရပ်မှ ထွက်ခွာသွားတော်မူရာ များစွာသောလူထုပရိသတ်တို့သည် နောက်တော်သို့လိုက်ကြသဖြင့် သူတို့အားလုံးကို ကျန်းမာစေတော်မူပြီးလျှင်
များစွာသောလူထုပရိသတ်တို့သည်လည်း နောက်တော်သို့လိုက်ကြသဖြင့် ကိုယ်တော်သည် ထိုအရပ်၌ သူတို့ကို ကျန်းမာစေတော်မူ၏။
မိန့်တော်မူချက်မှာ “ဇာဗုလုန်နယ်နှင့်နဿလိနယ်၊ ပင်လယ်လမ်းတစ်လျှောက်၊ ဂျော်ဒန်မြစ်တစ်ဖက်ကမ်း၊ လူမျိုးခြားတို့၏ဂါလိလဲနယ်၊
ယေရှုသည် လူထုပရိသတ်များကိုမြင်သောအခါ တောင်ပေါ်သို့တက်၍ ထိုင်တော်မူလျှင် တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်လာကြ၏။
ယေရှုသည် တောင်ပေါ်မှ ကြွဆင်းလာရာ များစွာသောလူထုပရိသတ်တို့သည် နောက်တော်သို့လိုက်ကြ၏။
ထိုအခါ သူသည်ထွက်သွား၍ မိမိအပေါ်ယေရှုပြုတော်မူသမျှတို့ကို ဒေကာပေါလိနယ်၌ပြောကြားသဖြင့် လူအပေါင်းတို့သည်အံ့သြကြ၏။
ဥပုသ်နေ့ရောက်သောအခါ ဝတ်ပြုစည်းဝေးကျောင်း၌ သွန်သင်တော်မူရာ ကြားနာသူများစွာတို့သည် အံ့အားသင့်လျက် “ဤသူသည် ဤအရာများကို အဘယ်ကရသနည်း။ ဤသူရသည့်ဉာဏ်ပညာနှင့် သူ့လက်ဖြင့်ပြုသော တန်ခိုးလက္ခဏာများကား မည်သို့နည်း။
ထို့နောက် ကိုယ်တော်သည် တိုင်ရာမြို့နှင့်ဆိုင်သောအရပ်ဒေသမှ တစ်ဖန်ထွက်ခွာလျက် ဆီဒုန်မြို့ကိုဖြတ်ကာ ဒေကာပေါလိနယ်နှင့်ဆိုင်သောအရပ်ဒေသအလယ်ပိုင်းမှတစ်ဆင့် ဂါလိလဲပင်လယ်သို့ကြွတော်မူ၏။
ထို့နောက် ကိုယ်တော်သည် သူတို့နှင့်အတူ တောင်ပေါ်မှကြွဆင်းလာ၍ မြေပြန့်အရပ်တွင် ရပ်တော်မူ၏။ ထိုနေရာ၌ တပည့်တော်တို့၏အစုအဝေးကြီးမှစ၍ ယုဒနယ်အရပ်ရပ်တို့နှင့် ဂျေရုဆလင်မြို့မှလည်းကောင်း၊ ပင်လယ်ကမ်းခြေရှိ တိုင်ရာမြို့နှင့်ဆီဒုန်မြို့တို့မှလည်းကောင်း လာကြသော လူအမြောက်အမြားရှိကြ၏။
ကိုယ်တော်ထံမှတန်ခိုးတော်ထွက်၍ လူအပေါင်းတို့ကိုကျန်းမာစေသောကြောင့် လူထုပရိသတ်အားလုံးသည် ကိုယ်တော်ကိုတို့ထိနိုင်ရန် ကြိုးစားကြ၏။