ယဇ်ပုရောဟိတ်သည် ကြည့်ရှုစစ်ဆေး၍ အနာသည် အရေပြားအောက်ရောက်နေဟန်ရှိလျက် အမွေးသည်လည်း ဖြူသွားလျှင် ယဇ်ပုရောဟိတ်သည် သူ့အား မစင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ ၎င်းသည် အနာစိမ်းနေရာမှ ပေါ်လာသော အနာကြီးရောဂါဖြစ်၏။
မဿဲ 12:45 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ၎င်းသည်သွား၍ မိမိထက်ဆိုးသောနတ်ခုနစ်ကောင်ကို မိမိနှင့်အတူခေါ်ဆောင်လာပြီး ထိုနေရာ၌ ဝင်ရောက်နေထိုင်သဖြင့် ထိုလူ၏နောက်ဖြစ်အင်သည် ရှေ့ဖြစ်အင်ထက် ဆိုးရွားလေ၏။ ဆိုးညစ်သောဤမျိုးဆက်၌လည်း ထိုနည်းတူဖြစ်လိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။ Common Language Bible သူသည်သွား၍မိမိထက်ညစ်ညမ်းသောနတ် ခုနစ်ဦးကိုခေါ်ခဲ့ပြီးလျှင်ထိုနေရာတွင်နေ လေ၏။ သို့ဖြစ်၍နတ်ပူးဝင်သူ၏နောက်ဖြစ်အင် သည်ပထမဖြစ်အင်ထက်ဆိုးရွားလေတော့၏။ ဤဆိုးညစ်သောလူတို့သည်လည်းထိုနည်းအတိုင်း ပင်ခံစားရကြလတ္တံ့'' ဟုမိန့်တော်မူ၏။ Garrad Bible မိ မိ ထက် ဆိုး သွမ်း သော နတ် ခု နစ် ကောင် ကို ခေါ် ပြီး နောက် ဝင် နေ သည် နှင့် ထို လူ၏ နောက် အ ဖြစ် အ နေ သည် အ ရင် ထက် ဆိုး၏။ ယ ခု ဆိုး သွမ်း သော လူ မျိုး လည်း ထို နည်း တူ ပင် ဖြစ် ရ လိမ့် မည် ဟု ပြန်၍ မိန့် တော် မူ၏။ Judson Bible မိမိထက်သာ၍ ညစ်ညူးသော နတ်ဆိုးခုနစ်ယောက်ကို ခေါ်ပြီးလျှင် ထိုလူထဲသို့ဝင်၍နေကြ၏။ ထိုလူ၏ နောက်ဖြစ်ဟန်သည် ရှေ့ဖြစ်ဟန်ထက် သာ၍ဆိုး၏။ ဆိုးညစ်သော ဤလူမျိုး၌ ထိုနည်းတူဖြစ်လတ္တံ့ဟု မိန့်တော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ နတ်ဆိုးသည် သွား၍ မိမိထက်ဆိုးညစ်သောနတ်ဆိုးခုနစ်ကောင်တို့ကို ခေါ်ပြီးလျှင် ထိုလူအထဲသို့ ဝင်၍ နေကြ၏။ ထိုလူ၏အခြေအနေသည်လည်း မူလထက် ပို၍ဆိုးသွမ်းလေ၏။ ဤဆိုးညစ်သောမျိုးဆက်သည်လည်း ထိုနည်းတူ ဖြစ်လိမ့်မည်” ဟု မိန့်တော်မူ၏။ မြန်မာ မိမိထက်သာ၍ ညစ်ညူးသော နတ်ဆိုးခုနစ်ယောက်ကို ခေါ်ပြီးလျှင် ထိုလူထဲသို့ဝင်၍နေကြ၏။ ထိုလူ၏ နောက်ဖြစ်ဟန်သည် ရှေ့ဖြစ်ဟန်ထက် သာ၍ဆိုး၏။ ဆိုးညစ်သော ဤလူမျိုး၌ ထိုနည်းတူဖြစ်လတ္တံ့ဟု မိန့်တော်မူ၏။- |
ယဇ်ပုရောဟိတ်သည် ကြည့်ရှုစစ်ဆေး၍ အနာသည် အရေပြားအောက်ရောက်နေဟန်ရှိလျက် အမွေးသည်လည်း ဖြူသွားလျှင် ယဇ်ပုရောဟိတ်သည် သူ့အား မစင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ ၎င်းသည် အနာစိမ်းနေရာမှ ပေါ်လာသော အနာကြီးရောဂါဖြစ်၏။
ဖာရိရှဲတို့သည်ကြားလျှင် “ဤသူသည် နတ်ဆိုးတို့၏အကြီးအကဲ ဗေလဇေဗုလကိုအမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်နေခြင်းသာဖြစ်သည်”ဟု ပြောဆိုကြ၏။
‘ငါထွက်လာခဲ့သော ငါ့အိမ်သို့ပြန်မည်’ဟု ဆိုလျက် ပြန်လာရာ ထိုနေရာမှာ လစ်လပ်နေပြီး လှဲကျင်း၍ သပ်ရပ်စွာပြင်ဆင်ထားသည်ကိုတွေ့လေ၏။
[သို့သော် ထိုနတ်မျိုးသည် ဆုတောင်းခြင်းနှင့်အစာရှောင်ခြင်းအားဖြင့်မဟုတ်လျှင် မထွက်တတ်]”ဟု မိန့်တော်မူ၏။
သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် လူတစ်ဦးကို ဂျူးဘာသာဝင်ဖြစ်လာစေရန် ပင်လယ်နှင့်ကုန်းမြေတို့တွင် လှည့်လည်ကြပြီး ဘာသာဝင်ဖြစ်လာသောအခါ ထိုသူကို သင်တို့ထက် နှစ်ဆဆိုးသောငရဲသားဖြစ်စေကြ၏။
မျက်စိမမြင်သောလမ်းပြတို့၊ သင်တို့သည် မှက်ကောင်ကိုစစ်ထုတ်ကြသော်လည်း ကုလားအုတ်ကိုမူကား မျိုချကြ၏။
[ယေရှုသည် ရက်သတ္တပတ်၏ပထမနေ့ နံနက်စောစောအချိန်တွင် ထမြောက်တော်မူပြီးနောက် မာဂဒလမြို့သူမာရိအား ပထမဦးစွာ ကိုယ်ထင်ရှားပြတော်မူ၏။ ထိုမာရိကား နတ်ဆိုးခုနစ်ကောင်ကို သူ့ထံမှ ကိုယ်တော်နှင်ထုတ်ပေးခဲ့သောသူဖြစ်၏။
တစ်ဖန် ကိုယ်တော်က“သင့်နာမည် မည်သို့ခေါ်သနည်း”ဟု မေးတော်မူရာ ထိုသူက “အကျွန်ုပ်၏နာမည်မှာ လေဂေါင်ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် များစွာရှိကြသောကြောင့်ဖြစ်၏”ဟု လျှောက်လေ၏။
ထိုအခါ ၎င်းသည်သွား၍ မိမိထက်ဆိုးသောနတ်ခုနစ်ကောင်ကိုခေါ်ဆောင်လာပြီး ထိုနေရာ၌ ဝင်ရောက်နေထိုင်သဖြင့် ထိုလူ၏နောက်ဖြစ်အင်သည် ရှေ့ဖြစ်အင်ထက် ဆိုးရွားလေ၏”ဟု မိန့်တော်မူ၏။
အကြောင်းမူကား ငါတို့သည် အသွေးအသားရှိသောသူကို ရင်ဆိုင်တိုက်ခိုက်နေကြသည်မဟုတ်။ အုပ်ချုပ်မှုများ၊ အာဏာစက်များ၊ ဤလောကီမှောင်မိုက်ခြင်းကို အစိုးတရပြုသောမင်းများ၊ အထက်ကောင်းကင်အရပ်၌ရှိသည့် ဆိုးညစ်သောဝိညာဉ်တန်ခိုးများနှင့် ရင်ဆိုင်တိုက်ခိုက်နေကြခြင်းဖြစ်၏။
သို့သော် ငါတို့သည် တွန့်ဆုတ်လျက် ပျက်စီးခြင်းသို့ရောက်သောသူများမဟုတ်ဘဲ ယုံကြည်လျက် အသက်ကိုပိုင်ဆိုင်သောသူများဖြစ်ကြ၏။