ငါ့ထံမှတောင်းလော့။ တောင်းလျှင် တိုင်းနိုင်ငံတို့ကို သင်၏အမွေအဖြစ် ငါပေး၍ ကမ္ဘာမြေအစွန်းတိုင်အောင် သင်၏ပိုင်ဆိုင်ရာဖြစ်စေမည်။
ဗျာဒိတ် 10:2 - မြန်မာ့စံမီသမ္မာကျမ်း သူ၏လက်၌ ဖွင့်ထားသောစာလိပ်ငယ်တစ်ခုရှိ၏။ သူသည် မိမိ၏ယာဘက်ခြေထောက်ကို ပင်လယ်ပေါ်တွင်လည်းကောင်း၊ ဝဲဘက်ခြေထောက်ကို ကုန်းမြေပေါ်တွင်လည်းကောင်း ချထားကာ Common Language Bible သူသည်ဖွင့်ထားသောစာစောင်ငယ်ကိုကိုင် ထား၏။ လက်ယာခြေဖြင့်ပင်လယ်ပေါ်၌လည်း ကောင်း၊ လက်ဝဲခြေဖြင့်ကုန်းမြေပေါ်၌လည်း ကောင်းရပ်လျက်၊- Judson Bible ဖွင့်ထားသော စာစောင်ငယ်ကို ကိုင်လျက်ရှိ၏။ လက်ယာခြေသည် ပင်လယ်ပေါ်မှာလည်းကောင်း၊ လက်ဝဲခြေသည် မြေကြီးပေါ်မှာလည်းကောင်း နင်း၍၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း သူ၏လက်ထဲတွင် ဖွင့်ထားသည့် စာလိပ်ငယ်ကို ကိုင်ထား၏။ သူ၏ညာခြေကို ပင်လယ်ပေါ်သို့လည်းကောင်း ဘယ်ခြေကို မြေပေါ်သို့လည်းကောင်း ချထားလျက် |
ငါ့ထံမှတောင်းလော့။ တောင်းလျှင် တိုင်းနိုင်ငံတို့ကို သင်၏အမွေအဖြစ် ငါပေး၍ ကမ္ဘာမြေအစွန်းတိုင်အောင် သင်၏ပိုင်ဆိုင်ရာဖြစ်စေမည်။
အကျွန်ုပ်တို့ကိုကယ်တင်တော်မူသောဘုရားသခင်၊ ကိုယ်တော်သည် အံ့ဩဖွယ်အမှုများဖြင့် ဖြောင့်မတ်ခြင်းထဲ၌ အကျွန်ုပ်တို့ကိုထူးတော်မူ၏။ ကိုယ်တော်သည် ကမ္ဘာမြေအစွန်းရှိသမျှနှင့် ဝေးလံသောပင်လယ်၌နေသောသူတို့၏ ကိုးစားရာဖြစ်တော်မူ၏။
ထို့ကြောင့် သူတို့သည် ထာဝရဘုရား၏နာမတော်ကို အနောက်အရပ်မှလည်းကောင်း၊ ဘုန်းအသရေတော်ကို နေထွက်ရာအရပ်မှလည်းကောင်း ကြောက်ရွံ့ကြလိမ့်မည်။ အကြောင်းမူကား ထာဝရဘုရား၏ထွက်သက်လေမှုတ်ထုတ်တော်မူ၍ အရှိန်အဟုန်နှင့်စီးဆင်းသောမြစ်ရေကဲ့သို့ ကိုယ်တော်ကြွလာတော်မူမည်။
ထိုအခါ ယေရှုသည် သူတို့ထံသို့ချဉ်းကပ်၍“ကောင်းကင်နှင့်မြေကြီးပေါ်၌ ရှိသမျှသောအခွင့်အာဏာတို့ကို ငါ့ထံပေးအပ်တော်မူပြီ။
ထိုအခါ ပင်လယ်နှင့်ကုန်းမြေပေါ်တွင်ရပ်နေသည်ကို ငါမြင်ရသောကောင်းကင်တမန်က မိမိ၏လက်ယာလက်ကို ကောင်းကင်သို့မြှောက်လျက်
ထို့နောက် သိုးသငယ်တော်သည် တံဆိပ်ခုနစ်ခုထဲမှ တစ်ခုကိုဖွင့်သောအခါ ငါကြည့်လျှင် သတ္တဝါလေးပါးတို့ထဲမှတစ်ပါးက မိုးချုန်းသံကဲ့သို့သောအသံဖြင့် “လာလော့”ဟု ဆိုသည်ကို ငါကြားရ၏။
သိုးသငယ်တော်သည် ဒုတိယတံဆိပ်ကိုဖွင့်သောအခါ ဒုတိယသတ္တဝါက “လာလော့”ဟု ဆိုသည်ကို ငါကြားရ၏။