နေဟမိ 3:31 - မြန်မာ့စံမီသမ္မာကျမ်း သူ၏ဘေးတွင် ပန်းထိမ်ဆရာ၏သားမာလခိယသည် မိဖကဒ်တံခါးရှေ့ရှိ ဗိမာန်တော်အစေအပါးများနှင့် ကုန်သည်များနေရာအိမ်အထိ၊ ထိုမှ အထက်ခန်းမြို့ရိုးထောင့်အထိ ပြုပြင်၏။ Common Language Bible ပန်းထိမ်သမားမာလခိသည်နောက်တစ်ပိုင်း ကိုဗိမာန်တော်မိဖကဒ်တံခါးနှင့် မြို့ရိုး၏ အရှေ့မြောက်ထောင့်ထိပ်တွင်ရှိသောအခန်း အနီး၊ ဗိမာန်တော်အလုပ်သမားများနှင့် ကုန်သည်တို့အသုံးပြုရာအဆောက်အအုံ တိုင်အောင်တည်ဆောက်၏။ Garrad Bible ၎င်း အ စပ်၊ ပန်း ထိမ် သ မား မာ လ ခိ ယ သည်၊ ဥ ပ စာ တံ ခါး တူ ရူ၊ မြို့ ရိုး ကွေ့ ရှိ တန် ဆောင်း အ ထိ၊ ကျွန် သီး တော် နှင့် ကုန် သည် တို့ နေ ရပ် အ ရောက် ပြင် ဆင် ၏။ Judson Bible သူ့နောက်မှ၊ ပန်းထိမ်သမားသား မာလခိသည် မိဖကဒ်တံခါး တစ်ဖက်တစ်ချက်၌၊ ဘုရားကျွန်နေရာနှင့် ကုန်သည်နေရာအရပ် တိုင်အောင်လည်းကောင်း၊ မြို့ထောင့်တက်ရာအရပ် တိုင်အောင်လည်းကောင်းပြင်၏။ |
သူ၏ဘေးတွင် ရှေလမိ၏သားဟာနနိယနှင့် ဇာလပ်၏ဆဋ္ဌမမြောက်သားဟာနုန်တို့ ပြုပြင်ကြ၏။ သူတို့၏ဘေးတွင် ဗေရခိ၏သားမေရှုလံသည် မိမိအိမ်ရှေ့တွင် ပြုပြင်၏။
ထိုအထက်ခန်းမြို့ရိုးထောင့်မှ သိုးတံခါးအထိကို ပန်းထိမ်သမားများနှင့် ကုန်သည်များ ပြုပြင်ကြ၏။
သူတို့၏ဘေးတွင် ဟာဟာယ၏သား ပန်းထိမ်ဆရာဩဇေလ ပြုပြင်၏။ သူ၏ဘေးတွင် အမွှေးနံ့သာဖော်ဆရာဟာနနိယ ပြုပြင်၏။ သူတို့သည် ဂျေရုဆလင်မြို့ရိုးကို မြို့ရိုးကျယ်အထိ ပြုပြင်ကြ၏။