ထိုသူသည် ငါ့အား ထိုသို့သောစကားများကိုပြောဆိုသောအခါ ငါသည် မြေကြီးကိုစိုက်ကြည့်၍ နှုတ်ဆွံ့အသွား၏။
ထိုသူဤသို့ဆိုသောအခါငါသည်စကား မပြောနိုင်ဘဲမြေကြီးကိုစိုက်၍ကြည့်လျက် နေ၏။-
ထို သို့ မိန့် ဆို ပြီး လျှင် ငါ သည် နှုတ် မ မြွက် နိုင် ဘဲ ဦး ညွတ် လျက် နေ ရာ၊
ထိုသို့ ပြောဆိုပြီးမှ၊ ငါသည် ဦးညွှတ်ပျပ်ဝပ်၍ စကားမပြောနိုင်ဘဲ နေ၏။
ထိုအခါ သင်သည် တိတ်ဆိတ်မနေဘဲ နှုတ်ကိုဖွင့်၍ လွတ်မြောက်လာသူနှင့် စကားပြောလိမ့်မည်။ ဤသို့ဖြင့် သင်သည် သူတို့အဖို့ နိမိတ်လက္ခဏာ ဖြစ်လိမ့်မည်။ ထိုအခါမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိရလိမ့်မည်’ဟူ၍ မိန့်ဆိုသည်”ဟု ပြန်ပြော၏။
သင်၏လျှာကို အာခေါင်၌ကပ်စေမည်။ သင့်ကို ဆွံ့အစေမည်။ သူတို့အား ဆုံးမနိုင်တော့မည်မဟုတ်။ သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်၏။
ထိုသူမရောက်လာမီ နေဝင်ချိန်တွင် ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်တည်လျက် ငါ့နှုတ်ကိုဖွင့်တော်မူ၏။ နံနက်အချိန် ထိုသူရောက်လာသောအခါ ငါသည် ဆွံ့အမနေတော့ဘဲ နှုတ်ကိုဖွင့်၍ဟောပြော၏။
ထိုအခါ ထိုသူပြောသောစကားသံကို ကြားရ၏။ ထိုသူပြောသောစကားကို နားထောင်နေစဉ် ငါသည် သတိလစ်၍မှောက်လျက်လဲကျသွား၏။
ထိုသို့ပြောနေစဉ် ငါသည် သတိလစ်၍မြေပေါ်သို့ မှောက်လျက်လဲကျသွားရာမှ သူက ငါ့ကိုတို့၍ ပြန်ရပ်စေပြီး
သင်သည် မိမိအချိန်ရောက်လျှင် ပြည့်စုံမည့် ငါ၏စကားကိုမယုံသောကြောင့် ဤအရာများပြည့်စုံသည့်နေ့တိုင်အောင် စကားမပြောနိုင်ဘဲ ဆွံ့အလျက်နေလိမ့်မည်”ဟု ပြန်၍မြွက်ဆိုလေ၏။