ခွက်များ၊ မီးညှပ်များ၊ ဇလုံများ၊ ဇွန်းများ၊ မီးကျီးခံဗန်းများကိုလည်း ရွှေစင်ဖြင့်သွန်းလုပ်၏။ အတွင်းဆုံးအခန်း အသန့်ရှင်းဆုံးဌာန၏တံခါးများနှင့် အိမ်တော်ပင်မဆောင်၏တံခါးများ၏ပတ္တာများကိုလည်း ရွှေဖြင့်သွန်းလုပ်၏။
ထွက်မြောက် 37:16 - မြန်မာ့စံမီသမ္မာကျမ်း ပူဇော်သက္ကာသွန်းလောင်းရာတွင်အသုံးပြုရန် လင်ပန်းများ၊ ခွက်များ၊ ပန်းကန်လုံးများ၊ ကရားများ စသည့်စားပွဲပေါ်တင်ထားရမည့်အသုံးအဆောင်များကို ရွှေစင်ဖြင့် လုပ်ထား၏။ Common Language Bible စားပွဲနှင့်ဆိုင်သောလင်ပန်း၊ ခွက်၊ ခရား၊ စပျစ်ရည်ဆက်သရန်ဖလားတို့ကိုရွှေ ဖြင့်ပြုလုပ်၏။ Garrad Bible စား ပွဲ တော် ပေါ် ရှိ အ သုံး အ ဆောင် တည်း ဟူ သော လင် ပန်း၊ ခွက်၊ ဖ လား၊ သွန်း လောင်း ရန် တ ကောင်း များ ကို ရွှေ စင် နှင့် လုပ် လေ ၏။ Judson Bible စားပွဲတန်ဆာတည်းဟူသော လင်ပန်း၊ ဇွန်း၊ အင်တုံ၊ လောင်းစရာ ဖလားများကိုလည်း ရွှေစင်နှင့် လုပ်လေ၏။ |
ခွက်များ၊ မီးညှပ်များ၊ ဇလုံများ၊ ဇွန်းများ၊ မီးကျီးခံဗန်းများကိုလည်း ရွှေစင်ဖြင့်သွန်းလုပ်၏။ အတွင်းဆုံးအခန်း အသန့်ရှင်းဆုံးဌာန၏တံခါးများနှင့် အိမ်တော်ပင်မဆောင်၏တံခါးများ၏ပတ္တာများကိုလည်း ရွှေဖြင့်သွန်းလုပ်၏။
သို့သော် ထာဝရဘုရား၏အိမ်တော်အတွက် ငွေဇလုံများ၊ မီးညှပ်များ၊ အင်တုံများ၊ တံပိုးခရာများ၊ ရွှေထည်ငွေထည်ပစ္စည်းများ စသည်တို့ကို ထာဝရဘုရား၏အိမ်တော်သို့ယူဆောင်လာသောငွေများဖြင့် မပြုလုပ်ပေ။
ပူဇော်သက္ကာသွန်းလောင်းရာတွင်အသုံးပြုရန် စားပွဲအတွက် လင်ပန်းများ၊ ခွက်များ၊ ကရားများ၊ ပန်းကန်လုံးများကို ရွှေစင်ဖြင့်လုပ်ရမည်။
အကေရှားသစ်သားဖြင့် ထမ်းပိုးများကိုလုပ်၍ ရွှေဖြင့်မွမ်းမံ၏။ ထိုထမ်းပိုးများဖြင့် စားပွဲကိုထမ်း၏။
ရွှေစင်ဖြင့်ဆီမီးခုံကို လုပ်၏။ ဆီမီးခုံတိုင်၊ ဆီမီးခုံ၏အလက်၊ ခွက်များ၊ ပွင့်ဖတ်အုံများ၊ ပွင့်ဖတ်များကို တစ်သားတည်းဖြစ်အောင် ထုလုပ်၏။
သူ၏ပူဇော်သက္ကာများမှာ ဘောဇဉ်ပူဇော်သက္ကာအတွက် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်အပြည့်ပါသည့် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ အလေးချိန်ရှယ်ကယ်တစ်ရာ့သုံးဆယ်ရှိသော ငွေလင်ပန်းတစ်ချပ်နှင့် ရှယ်ကယ်ခုနစ်ဆယ်ရှိသော ငွေဇလုံတစ်လုံး၊
ကြီးမားသောအိမ်၌ ရွှေငွေဖြင့်ပြုလုပ်ထားသော အိုးခွက်များသာမက သစ်သားနှင့်မြေကြီးတို့ဖြင့်ပြုလုပ်ထားသော အိုးခွက်များလည်းရှိ၍ အချို့တို့ကို အသရေရှိသောအရာအတွက်သုံးလျက် အချို့တို့ကို အသရေမရှိသောအရာအတွက်သုံးကြ၏။