ထွက်မြောက် 35:24 - မြန်မာ့စံမီသမ္မာကျမ်း ငွေနှင့်ကြေးနီဟူသောအလှူပစ္စည်းတို့ကို ပေးလှူပူဇော်နိုင်သောသူအပေါင်းတို့သည် ထိုအလှူပစ္စည်းတို့ကို ထာဝရဘုရားထံ ယူဆောင်လာကြ၏။ အကေရှားသစ်သားရှိသောသူအပေါင်းတို့သည်လည်း ဆောင်ရွက်စရာအလုပ်အမျိုးမျိုးတို့အတွက် ယူဆောင်လာကြ၏။ Common Language Bible ငွေသို့မဟုတ်ကြေးဝါလှူနိုင်သူတို့ကထာဝရ ဘုရားအားထိုပစ္စည်းများကိုဆက်ကပ်ကြ၏။ အကာရှသစ်ရှိသူတို့က၊ ဆောက်လုပ်ရာ၌ အသုံးပြုရန်ထိုပစ္စည်းကိုဆက်ကပ်ကြ၏။- Garrad Bible ငွေ ကြေး ကို မြှောက် ဆက် လှူ ဒါန်း သော သူ တိုင်း ပင် ထာ ဝ ရ ဘု ရား အား အ လှူ ကို ဆက် ကပ်၏။ အ မှု တော် ကို ဆောင် ရွက် ရန် တော် လျော် သော ရှား သား ကို ပိုင် သူ တိုင်း လည်း ဆက် ကပ် ၏။ Judson Bible ငွေနှင့်ကြေးဝါကို လှူသောသူတိုင်း ထာဝရဘုရားအား လှူလေ၏။ အမှုတော်နှင့်ယှဉ်သော အလုပ်လုပ်စရာဖို့ အကာရှသစ်သားရှိသောသူတိုင်းလည်း ဆောင်ခဲ့လေ၏။ |
အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်၊ ပိတ်ချောထည်၊ ဆိတ်မွေး၊ အနီရောင်ဆိုးထားသောသိုးထီးသားရေနှင့် တဟာရှသားရေတို့ရှိသောသူတိုင်း ၎င်းတို့ကိုယူဆောင်လာကြ၏။
လက်မှုအတတ်ကျွမ်းကျင်သောမိန်းမအပေါင်းတို့သည်လည်း မိမိတို့လက်ဖြင့်ဗိုင်းငင်ပြီးလျှင် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည်ခင်တို့ကိုလည်းကောင်း၊ ပိတ်ချောထည်ကိုလည်းကောင်း ယူဆောင်လာကြ၏။
အကြောင်းမူကား စေတနာစိတ်ရှိလျှင် မရှိသည့်အရာကိုမထောက်ဘဲ ရှိသည့်အရာကိုထောက်၍ နှစ်သက်လက်ခံတော်မူ၏။