သို့ရာတွင် မောရှေသည် သူတို့ကိုခေါ်သဖြင့် အာရုန်နှင့်လူထုခေါင်းဆောင်အားလုံးတို့သည် သူ့ထံသို့ပြန်လာကြ၍ မောရှေသည် သူတို့နှင့်စကားပြောလေ၏။
ထွက်မြောက် 34:30 - မြန်မာ့စံမီသမ္မာကျမ်း အာရုန်နှင့်အစ္စရေးအမျိုးသားအပေါင်းတို့သည် မောရှေကိုမြင်သောအခါ သူ၏မျက်နှာသည် ထွန်းပနေသဖြင့် သူ့ထံသို့ မချဉ်းကပ်ဝံ့ကြချေ။ Common Language Bible အာရုန်နှင့်ဣသရေလအမျိုးသားအပေါင်း တို့သည် မောရှေ၏မျက်နှာတောက်ပနေသည်ကို တွေ့မြင်ရသောအခါ၊ သူ၏အနားသို့မချဉ်း ကပ်ဝံ့ကြချေ။- Garrad Bible အာ ရုန် မှ စ၍ ဣ သ ရေ လ အ မျိုး သား အ ပေါင်း တို့ သည် မော ရှေ ကို မြင် သော် မျက် နှာ အ ရေ အ ရောင် ထွက် သော ကြောင့် မ ချဉ်း မ ကပ် ဝံ ကြ။ Judson Bible အာရုန်နှင့် ဣသရေလအမျိုးသားအပေါင်းတို့သည်၊ မောရှေကိုမြင်သောအခါ၊ သူ၏မျက်နှာအရေ ထွန်းပသောကြောင့်၊ သူတို့သည် မချဉ်းမကပ်ဝံ့ကြ။ |
သို့ရာတွင် မောရှေသည် သူတို့ကိုခေါ်သဖြင့် အာရုန်နှင့်လူထုခေါင်းဆောင်အားလုံးတို့သည် သူ့ထံသို့ပြန်လာကြ၍ မောရှေသည် သူတို့နှင့်စကားပြောလေ၏။
မည်သူသည် ပညာရှိကဲ့သို့ဖြစ်သနည်း။ မည်သူသည် အမှုအရာ၏အနက်အဓိပ္ပာယ်ကိုသိသနည်း။ လူတစ်ဦး၏ဉာဏ်ပညာသည် ထိုသူ၏မျက်နှာကိုထွန်းလင်းစေ၍ သူ၏တင်းမာသောမျက်နှာကို ပြောင်းလဲစေတတ်၏။
သူနှင့်မျက်နှာချင်းဆိုင် ရှင်းလင်းစွာမိန့်ဆို၏။ သွယ်ဝိုက်၍ မမိန့်ဆို။ သူသည် ထာဝရဘုရား၏ပုံသဏ္ဌာန်ကို မြင်ရ၏။ သင်တို့သည် ငါ့အစေအပါးမောရှေကို အဘယ်ကြောင့် ဆန့်ကျင်ပြောဆိုဝံ့သနည်း”ဟု မိန့်တော်မူပြီးနောက်
လူထုပရိသတ်အပေါင်းတို့သည် ကိုယ်တော်ကိုမြင်သည်နှင့် အလွန်အံ့သြလျက် ပြေးလာ၍ ကိုယ်တော်ကိုနှုတ်ဆက်ကြ၏။
ဝတ်ရုံတော်သည် ကမ္ဘာမြေကြီးပေါ်ရှိ မည်သည့်ခဝါသည်မျှ ထိုကဲ့သို့ဖြူဖွေးစေရန် မဖွပ်နိုင်လောက်အောင် အလွန်ဖြူဖွေးတောက်ပလာလေ၏။
ရှိမုန်ပေတရုသည် ထိုအခြင်းအရာကိုမြင်လျှင် ယေရှု၏ခြေတော်ရင်း၌ ပျပ်ဝပ်လျက် “သခင်၊ အကျွန်ုပ်သည် အပြစ်များသောသူဖြစ်၍ အကျွန်ုပ်ထံမှ ကြွသွားတော်မူပါ”ဟု လျှောက်လေ၏။
ကျောက်ပြားပေါ်ရေးထွင်း၍ အက္ခရာတင်ထားသော သေခြင်းနှင့်ဆိုင်သည့် အမှုပင်လျှင် ဘုန်းအသရေဖြင့်ရောက်လာ၍ မောရှေ၏မျက်နှာမှထွက်သော မှေးမှိန်သွားသည့်ဘုန်းအသရေကြောင့် အစ္စရေးအမျိုးသားတို့သည် သူ၏မျက်နှာကို စေ့စေ့မကြည့်နိုင်ခဲ့ကြသည်ဆိုလျှင်