ထာဝရဘုရားရှေ့တော်ရှိ တဆေးမဲ့မုန့်တောင်းထဲမှ မုန့်တစ်လုံး၊ ဆီရောသောမုန့်ဝိုင်းတစ်ခုနှင့် မုန့်ကြွပ်တစ်ခုကိုယူရမည်။
ငါ့အားဆက်သထားသောမုန့်ခြင်းတောင်း ထဲမှ တဆေးမပါသောမုန့်တစ်လုံး၊ ဆီနှင့် လုပ်သောမုန့်တစ်လုံး၊ မုန့်ပြားတစ်ချပ်ကို ယူလော့။
ဆီ ဥ၊ လက်ျာ ပေါင် များ ပြင်၊ ငါ ထာ ဝ ရ ဘု ရား မျက် မှောက် ရှိ တ ဆေး မဲ့ မုန့် ပါ သော တောင်း ထဲ မှ၊
ထာဝရဘုရားရှေ့တော်၌ထားသော တဆေးမဲ့မုန့်တောင်းထဲက မုန့်တစ်လုံး၊ ဆီနှင့်လုပ်သောမုန့်ပြားတစ်ပြား၊ မုန့်ကြွပ်တစ်ချပ်ကိုယူ၍၊
ထိုသိုးထီးသည် အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာသိုးထီးဖြစ်သောကြောင့် ထိုသိုးထီး၏အဆီနှင့်အမြီးပိုင်းအဆီကိုလည်းကောင်း၊ အူကိုဖုံးနေသည့်အဆီနှင့် အသည်းပေါ်မှအဆီပျဉ်ကိုလည်းကောင်း၊ ကျောက်ကပ်နှစ်ခုနှင့် ၎င်းတို့ပေါ်ရှိအဆီကိုလည်းကောင်း၊ ယာဘက်ပေါင်ကိုလည်းကောင်း ယူရမည်။
ထိုအရာအားလုံးကို အာရုန်၏လက်ထဲ၌လည်းကောင်း၊ သူ့သားတို့၏လက်ထဲ၌လည်းကောင်း ထည့်၍ ၎င်းတို့ကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲရမည်။
ထာဝရဘုရားရှေ့တော်ရှိ တဆေးမဲ့မုန့်တောင်းထဲမှ တဆေးမဲ့မုန့်ဝိုင်းတစ်ခု၊ ဆီရောသောမုန့်ကွင်းတစ်ခုနှင့် မုန့်ကြွပ်တစ်ခု စသည်တို့ကိုယူ၍ အဆီနှင့်ယာဘက်ပေါင်ပေါ်၌ တင်၏။