ထိုနည်းတူ မိမိကျွန်ယောက်ျား၊ သို့မဟုတ် ကျွန်မိန်းမ၏သွားကိုကျိုးစေလျှင် သူ၏သွားအတွက် သူ့ကိုလွတ်လပ်သောသူအဖြစ် ထွက်သွားခွင့်ပြုရမည်။
ထွက်မြောက် 21:28 - မြန်မာ့စံမီသမ္မာကျမ်း နွားသည် ယောက်ျား၊ သို့မဟုတ် မိန်းမ တစ်စုံတစ်ယောက်ကိုဝှေ့သဖြင့် ထိုသူသေလျှင် နွားကို ခဲနှင့်မုချပေါက်သတ်ရမည်။ ထိုနွား၏အသားကိုမစားရ။ ပိုင်ရှင်မူကား အပြစ်ကင်းလွတ်၏။ Common Language Bible ``နွားတစ်ကောင်သည်လူတစ်ယောက်ကိုဦးချိုဖြင့် ဝှေ့သတ်လျှင် ထိုနွားကိုကျောက်ခဲနှင့်ပစ်သတ်ရ မည်။ ထိုနွား၏အသားကိုမစားရ။ သို့ရာတွင် နွားပိုင်ရှင်ကိုအပြစ်ဒဏ်မပေးရ။- Garrad Bible နွား သည် လူ ယောက်ျား၊ လူ မိန်း မ ကို သေ အောင် ဝှေ့ လျှင် ခဲ နှင့် ပစ် သတ် စေ။ အ သား ကို မ စား ရ။ နွား ရှင် မူ ကား အ ပြစ် ကင်း စေ။ Judson Bible နွားသည် လူယောက်ျား၊ မိန်းမကိုခွေ့၍ လူသေလျှင်၊ စင်စစ်ထိုနွားကို ကျောက်ခဲနှင့်ပစ်၍သတ်ရမည်။ အသားကိုလည်း မစားရ။ နွားရှင်ကိုကား၊ အပြစ်လွှတ်ရမည်။ |
ထိုနည်းတူ မိမိကျွန်ယောက်ျား၊ သို့မဟုတ် ကျွန်မိန်းမ၏သွားကိုကျိုးစေလျှင် သူ၏သွားအတွက် သူ့ကိုလွတ်လပ်သောသူအဖြစ် ထွက်သွားခွင့်ပြုရမည်။
ထိုနွားသည် ယခင်ကတည်းက ဝှေ့တတ်သောနွားဖြစ်ကြောင်း ပိုင်ရှင်ကိုသတိပေးသော်လည်း ထိုနွားကိုမထိန်းသိမ်းသဖြင့် လူယောက်ျား၊ သို့မဟုတ် လူမိန်းမကိုဝှေ့သတ်လျှင် ထိုနွားကို ခဲနှင့်ပေါက်သတ်ရမည်။ ပိုင်ရှင်သည်လည်း သေဒဏ်ခံရမည်။
နွားသည် ကျွန်ယောက်ျား၊ သို့မဟုတ် ကျွန်မိန်းမကိုဝှေ့လျှင် ထိုကျွန်၏သခင်အား ငွေရှယ်ကယ်သုံးဆယ်ပေးရမည်။ နွားကိုလည်း ခဲနှင့်ပေါက်သတ်ရမည်။