နှမစကားကို နားမထောင်ဘဲ နှမထက်အားကြီးသောကြောင့် သူ့ကို အဓမ္မပြုကျင့်ကာ အတူအိပ်လေ၏။
တရားဟော 22:25 - မြန်မာ့စံမီသမ္မာကျမ်း ယောက်ျားတစ်ယောက်သည် စေ့စပ်ထားသည့်မိန်းကလေးကို လူသူကင်းသောအရပ်၌တွေ့၍ ထိုယောက်ျားသည် သူ့ကိုဖမ်းချုပ်ပြီး သူနှင့်အိပ်လျှင် ထိုမိန်းကလေးနှင့်အိပ်သောယောက်ျားကိုသာ သတ်ရမည်။ Common Language Bible ``အကယ်၍ယောကျာ်းတစ်ယောက်သည် အခြား သူနှင့်ထိမ်းမြားရန်စေ့စပ်ထားသောမိန်းမ နှင့်မြို့ပြင်၌တွေ့၍မုဒိမ်းကျင့်လျှင် ထို ယောကျာ်းကိုသာသေဒဏ်စီရင်ရမည်။- Garrad Bible ယောက်ျား မှန်း ပြီး သော မိန်း မ ကို၊ တော အ ရပ်၌ တွေ့ ကြုံ၍ မု ဒိမ်း ကျင့် လျှင် မူ ကား၊ ကျင့် သူ ယောက်ျား သာ သေ ဒဏ် ခံ စေ။ Judson Bible အပျိုကို ယောက်ျားနှင့် ထိမ်းမြားဆောင်နှင်းပြီးမှ အခြားသော ယောက်ျားသည် တော၌တွေ့၍ အနိုင်အထက်ပြုလျှင်၊ ထိုယောက်ျားတစ်ယောက်တည်းကိုသာ အသေသတ်ရမည်။ |
နှမစကားကို နားမထောင်ဘဲ နှမထက်အားကြီးသောကြောင့် သူ့ကို အဓမ္မပြုကျင့်ကာ အတူအိပ်လေ၏။
ယေရှုခရစ်တော်၏ဖွားမြင်တော်မူခြင်းမှာ ဤသို့ဖြစ်၏။ ကိုယ်တော်၏မယ်တော်မာရိသည် ယောသပ်နှင့်စေ့စပ်ထား၍ ပေါင်းဖက်နေထိုင်ခြင်းမပြုမီ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သန္ဓေတည်သည်ကို တွေ့ရ၏။
သူတို့နှစ်ဦးစလုံးကို ထိုမြို့တံခါးသို့ ခေါ်သွား၍ ခဲနှင့် အသေပေါက်သတ်ရမည်။ မြို့ထဲ၌ဖြစ်သည်ကိုပင် ထိုမိန်းကလေးသည် အော်ဟစ်အကူအညီမတောင်း၊ ထိုယောက်ျားသည်လည်း မိမိအိမ်နီးချင်း၏မယားကို ကာမကျူးလွန်သောကြောင့် အသတ်ခံရခြင်းဖြစ်၏။ ဤသို့ဖြင့် မကောင်းမှုကို သင့်ထဲမှဖယ်ရှားပစ်ရမည်။
မိန်းကလေးကိုမူ မည်သို့မျှမပြုရ။ ထိုမိန်းကလေး၌ သေဒဏ်ခံထိုက်သောအပြစ်မရှိ။ အကြောင်းမူကား ဤအမှုသည် တစ်စုံတစ်ယောက်က မိမိအိမ်နီးချင်းကို တိုက်ခိုက်ပြီး လူသတ်မှုကျူးလွန်သည့်အမှုနှင့်တူ၏။