ဤသည်ကား သိနာတောင်ပေါ်၌ ထာဝရဘုရားသည် အစ္စရေးအမျိုးသားတို့အား မောရှေမှတစ်ဆင့် မိန့်မှာတော်မူခဲ့သည့် ပညတ်တော်များဖြစ်၏။
တရားဟော 1:3 - မြန်မာ့စံမီသမ္မာကျမ်း အနှစ်လေးဆယ်မြောက်သောနှစ်၊ တစ်ဆယ့်တစ်လ၊ ပထမနေ့၌ မောရှေသည် မိမိအား ထာဝရဘုရားမိန့်မှာတော်မူသမျှ ပညတ်တရားတို့ကို အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလေ၏။ Common Language Bible ဣသရေလအမျိုးသားတို့သည်အီဂျစ်ပြည် မှထွက်လာကြပြီးနောက် လေးဆယ်မြောက်သော နှစ်၊ တစ်ဆယ့်တစ်လ၊ ပထမနေ့ရက်၌ထာဝရ ဘုရားကဣသရေလအမျိုးသားတို့အား မိန့်တော်မူသမျှကိုမောရှေသည်ထပ်မံ၍ ဆင့်ဆိုလေ၏။- Garrad Bible လေး ဆယ် မြောက် သော နှစ်၊ ဧ ကာ ဒ သ မ လ၊ ပ ဌ မ နေ့၌၊ ဟေ ရှာ ဘုန် မြို့ စံ၊ အာ မော ရိ ပြည့် ရှင် ရှိ ဟုန် မင်း ကို လည်း ကောင်း၊ ဧ ဒြိ မြို့ တွင် အာ ရှ တ ရုတ် မြို့ စံ၊ ဗာ ရှန် ပြည့် ရှင် သြ ဃ မင်း ကို လည်း ကောင်း၊ လုပ် ကြံ ပြီး နောက်၊ ဣ သ ရေ လ အ မျိုး သား တို့ အား ဆင့် ဆို ရန် ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သ မျှ အ တိုင်း၊ ယော် ဒန် မြစ် တစ် ဘက်၊ မော ဘ ပြည်၌၊ မော ရှေ ထုတ် ဆင့် ဖော် ပြ ဟော ပြော သော ပ ညတ် တ ရား ကား၊ Judson Bible မောရှေသည် ဟေရှဘုန်မြို့၌နေသော အာမောရိရှင်ဘုရင် ရှိဟုန်ကိုလည်းကောင်း၊ ဧဒြိပြည်၊ အာရှတရုတ်မြို့၌နေသော ဗာရှန်ဘုရင် ဩဃကိုလည်းကောင်း လုပ်ကြံပြီးမှ၊ သက္ကရာဇ်လေးဆယ်ပြည့်၊ ဧကာဒသမလ၊ ပထမနေ့ရက်၌ မောဘပြည်၊ ယော်ဒန်မြစ်နားမှာ ထာဝရဘုရားမှာထားတော်မူနှင့်သမျှအတိုင်း၊ ဣသရေလအမျိုးသားတို့အား ဆင့်ဆို၍ ဟောပြောသော တရားစကားဟူမူကား၊ |
ဤသည်ကား သိနာတောင်ပေါ်၌ ထာဝရဘုရားသည် အစ္စရေးအမျိုးသားတို့အား မောရှေမှတစ်ဆင့် မိန့်မှာတော်မူခဲ့သည့် ပညတ်တော်များဖြစ်၏။
အစ္စရေးအမျိုးသားတို့သည် အီဂျစ်ပြည်မှထွက်လာပြီးနောက် ဒုတိယနှစ်၊ ဒုတိယလ၊ ပထမနေ့၌ သိနာတောကန္တာရ၊ တွေ့ဆုံစည်းဝေးရာတဲတော်တွင် ထာဝရဘုရားက မောရှေအား
အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် ပထမလ၌ ဇိနတောကန္တာရသို့ရောက်လာ၍ သူတို့သည် ကာဒေရှအရပ်၌ နေကြ၏။ ထိုအရပ်၌ မိရိအံသေ၍ သူ့ကို ထိုအရပ်မှာပင် သင်္ဂြိုဟ်ကြ၏။
အစ္စရေးအမျိုးသားတို့အီဂျစ်ပြည်မှထွက်လာပြီး အနှစ်လေးဆယ်မြောက်သောနှစ်၊ ပဉ္စမလ၊ ပထမနေ့၌ ယဇ်ပုရောဟိတ်အာရုန်သည် ထာဝရဘုရား၏အမိန့်တော်အတိုင်း ဟောရတောင်ပေါ်သို့တက်သွား၍ ထိုနေရာ၌ သေလေ၏။
လူတို့သည် ပထမလ၊ ဆယ်ရက်မြောက်နေ့တွင် ဂျော်ဒန်မြစ်မှ တက်လာကြပြီးနောက် ဂျေရိခေါမြို့အရှေ့ဘက်နယ်စပ်ရှိ ဂိလဂါလအရပ်တွင် စခန်းချကြ၏။