တောလည် 3:34 - မြန်မာ့စံမီသမ္မာကျမ်း တစ်လသားအရွယ်နှင့်အထက် ယောက်ျားရှိသမျှတို့၏အရေအတွက်ကို စာရင်းကောက်ရာတွင် ခြောက်ထောင့်နှစ်ရာ ရှိ၏။ Common Language Bible အသက်တစ်လသားအရွယ်နှင့်အထက် ရှိသူယောကျာ်းဦးရေစုစုပေါင်းမှာ ခြောက်ထောင့်နှစ်ရာဖြစ်သည်။- Garrad Bible တစ် လ ကျော် သား ပါ ယောက်ျား ဟူ သ မျှ အ ရေ အ တွက် အ တိုင်း စာ ရင်း ဝင် လူ ပေါင်း ကား၊ ခြောက် ထောင့် နှစ် ရာ ရှိ သ တည်း။ Judson Bible ထိုအဆွေအမျိုးတို့ကိုရေတွက်၍ အသက်တစ်လကျော်ရှိသော ယောက်ျားပေါင်းကား၊ ခြောက်ထောင်နှစ်ရာ ရှိသတည်း။ |
တပ်ဖွဲ့အလိုက် ယုဒတပ်စခန်းရှိလူအရေအတွက်စုစုပေါင်းမှာ တစ်သိန်းရှစ်သောင်းခြောက်ထောင့်လေးရာ ဖြစ်၏။ သူတို့သည် ရှေ့ဆုံးနေရာမှ ခရီးပြုရမည်။
မေရာရိမှ မဟာလိမျိုးနွယ်စုနှင့် မုရှိမျိုးနွယ်စုတို့ ဆင်းသက်လာ၏။ ဤသည်ကား မေရာရိမျိုးနွယ်စုများ ဖြစ်၏။
မေရာရိမျိုးနွယ်စုများ၏ဘိုးဘေးအိမ်ထောင်စုခေါင်းဆောင်သည် အဘိဟဲလ၏သား ဇုရေလ ဖြစ်၏။ သူတို့သည် ကိန်းဝပ်တော်မူရာတဲတော်၏ဘေး မြောက်ဘက်အရပ်၌ စခန်းချရမည်။