“မီးကျီးခံဗန်းတို့သည် သန့်ရှင်းသည်ဖြစ်၍ အာရုန်၏သား ယဇ်ပုရောဟိတ်ဧလာဇာအား မီးလောင်နေသောနေရာထဲမှ ထိုမီးကျီးခံဗန်းတို့ကို ထုတ်ယူမည့်အကြောင်း ဆင့်ဆိုလော့။ မီးခဲကိုကား အဝေးသို့သွန်ပစ်စေလော့။
``ကြေးဝါမီးကျီးခံအိုးများသည်ဆက်ကပ် ထားသောပစ္စည်းများဖြစ်သဖြင့် ယဇ်ပုရော ဟိတ်အာရုန်၏သားဧလာဇာအား ထိုမီး ကျီးခံအိုးများကိုမီးလောင်သေဆုံးသူတို့ ထံမှသိမ်းယူပြီးလျှင်မီးခဲများကိုတစ် နေရာတွင်သွန်ချစေလော့။-
တစ်စုံတစ်ယောက်သည် မိမိပိုင်ဆိုင်သမျှတို့တွင် လူကိုဖြစ်စေ၊ တိရစ္ဆာန်ကိုဖြစ်စေ၊ လယ်ယာကိုဖြစ်စေ ထာဝရဘုရားအား ဆက်ကပ်ထားသောအရာရှိသမျှတို့ကို ရောင်းခွင့်မရှိ။ ရွေးနုတ်ခွင့်လည်းမရှိ။ ဆက်ကပ်ထားသောအရာရှိသမျှတို့သည် ထာဝရဘုရားအဖို့ အလွန်သန့်ရှင်းသောအရာများဖြစ်၏။
ထို့ကြောင့် သူတို့သည် အသီးသီး မိမိတို့၏မီးကျီးခံဗန်းကိုယူ၍ မီးကိုထည့်ပြီးလျှင် မီးပေါ်၌ နံ့သာပေါင်းကိုတင်၏။ ထို့နောက် မောရှေ၊ အာရုန်တို့နှင့်အတူ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ ရပ်နေကြ၏။
တစ်ဖန် ထာဝရဘုရားက မောရှေအား
အသက်ဆုံးရှုံးသွားသော ထိုအပြစ်သားတို့၏မီးကျီးခံဗန်းတို့သည် ထာဝရဘုရားရှေ့တော်၌ ပူဇော်ပြီးဖြစ်၍ သန့်ရှင်းသောကြောင့် အပြားခတ်ပြီး ယဇ်ပလ္လင်ကိုအုပ်ထားရမည်။ ၎င်းသည် အစ္စရေးအမျိုးသားတို့အတွက် အမှတ်လက္ခဏာအဖြစ်ရှိရမည်”ဟု မိန့်တော်မူ၏။
မနက်ဖြန် ထာဝရဘုရားရှေ့တော်၌ ထိုမီးကျီးခံဗန်းများထဲသို့ မီးထည့်ပြီးလျှင် မီးပေါ်၌ နံ့သာပေါင်းကိုတင်လော့။ ထာဝရဘုရားရွေးချယ်တော်မူသောသူသည် သန့်ရှင်းသောသူဖြစ်လိမ့်မည်။ အို လေဝိသားမြေးတို့၊ သင်တို့ တရားလွန်နေပြီ”ဟု ပြန်ပြောလေ၏။