အကျွန်ုပ်သည် ကိုယ်တော်၏သက်သေခံချက်တို့ကို ရှင်ဘုရင်များရှေ့တွင်ပြောကြားပါမည်။ အကျွန်ုပ်သည် အရှက်ကွဲရလိမ့်မည်မဟုတ်ပါ။
တမန်တော်ဝတ္ထု 26:1 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ အဂြိပ္ပမင်းကြီးသည် ပေါလုအား “သင့်အကြောင်းကို သင်ကိုယ်တိုင်ပြောဆိုနိုင်ပြီ”ဟု အမိန့်ရှိသဖြင့် ပေါလုသည် လက်ကိုဆန့်၍ Common Language Bible အဂြိပ္ပမင်းကြီးက ``သင်လျှောက်ထားနိုင် သည်'' ဟုပေါလုအားဆိုသော် ပေါလုသည် လက်ကိုဆန့်၍၊- Garrad Bible ထို အ ခါ ပေါ လု အား အ ဂ ရိ ပ္ပ မင်း က သင် သည် ကိုယ့် အ ဖို့ ပြော ဆို ခွင့် ရှိ သည် ဟု ဆို သော် ပေါ လု သည် လက် မြှောက် လျက် ထု ချေ သည် မှာ၊ Judson Bible ထိုအခါ အဂြိပ္ပမင်းက၊ သင်သည်ကိုယ်အဖို့အလိုငှာ ပြောရသောအခွင့်ရှိသည်ဟု ပေါလုအားဆိုလျှင်၊ ပေါလုသည် လက်ကိုဆန့်၍ အပြစ်ဖြေရာစကားကို ဤသို့ပြော၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ အဂြိပ္ပမင်းကြီးက ပေါလုအား “သင့်အကြောင်းကို သင်ကိုယ်တိုင် လျှောက်ထားနိုင်သည်” ဟု ဆို၏။ ပေါလုသည် လက်ကိုဆန့်၍ ချေပလျှောက်ထားသည်မှာ |
အကျွန်ုပ်သည် ကိုယ်တော်၏သက်သေခံချက်တို့ကို ရှင်ဘုရင်များရှေ့တွင်ပြောကြားပါမည်။ အကျွန်ုပ်သည် အရှက်ကွဲရလိမ့်မည်မဟုတ်ပါ။
သို့သော် ငါခေါ်သောအခါ သင်တို့သည် ငြင်းပယ်ကြ၏။ ငါ့လက်ကိုဆန့်တန်းသောအခါ မည်သူမျှ အလေးမထားကြ။
ကောင်းစွာနားမထောင်မီ ဖြေဆိုခြင်းသည် ထိုသို့ဖြေဆိုသောသူအတွက် မိုက်မဲခြင်းနှင့် အသရေပျက်ခြင်းဖြစ်တတ်၏။
မိမိအမှုကိုဦးစွာတင်ပြသောသူသည် အခြားသူရောက်လာ၍ ထိုအမှုကို မစစ်ကြောမီအထိ ဖြောင့်မတ်ဟန်ရှိ၏။
ထို့ကြောင့် ကြည့်ရှုလော့။ ငါသည် လက်ကိုဆန့်တန်းပြီး သင့်ကိုဆန့်ကျင်မည်။ သင့်ဝေစုကို လျှော့ချပစ်မည်။ သင်၏ညစ်ညမ်းသောလုပ်ရပ်များကြောင့် သင့်ကိုမုန်းတီးသော၊ သင့်အစားရှက်သော ဖိလိတ္တိသမီးပျိုတို့လက်သို့ သင့်ကိုအပ်လိုက်မည်။
“ငါတို့၏ပညတ်တရားသည် လူတစ်ဦးကို သူ့ထံမှ ဦးစွာကြားနာခြင်းမရှိ၊ သူပြုနေသောအမှုအရာကိုလည်းမသိဘဲ စီရင်ပါမည်လော”ဟု ဆိုလျှင်
“ညီအစ်ကိုတို့နှင့်အဖတို့၊ ယခု သင်တို့ရှေ့၌ အကျွန်ုပ်ချေပပြောဆိုသောစကားကို နားထောင်ကြပါ”ဟု ဆို၏။
သို့သော် စွပ်စွဲခံရသူတစ်စုံတစ်ဦးသည် စွပ်စွဲသောသူနှင့်မျက်နှာချင်းဆိုင်၍ စွပ်စွဲချက်နှင့်ပတ်သက်ပြီး ချေပပြောဆိုခွင့်မရမီ သူ့ကိုလွှဲအပ်ပေးခြင်းသည် ရောမတို့၏ဓလေ့ထုံးစံမဟုတ်ကြောင်း သူတို့အား အကျွန်ုပ်ဖြေကြားခဲ့ပါသည်။
အကြောင်းမူကား အကျဉ်းသားတစ်ဦးကို သူ့အပေါ်တင်ထားသည့်စွဲချက်များမပါဘဲ စေလွှတ်ခြင်းမှာ မသင့်လျော်ဟု အကျွန်ုပ်ထင်ပါသည်”ဟု ဆိုလေ၏။
“အဂြိပ္ပမင်းကြီး၊ ဂျူးလူမျိုးတို့သည် အကျွန်ုပ်အပေါ်စွဲဆိုထားသည့်အမှုအားလုံးနှင့်ပတ်သက်၍ အရှင်မင်းကြီး၏ရှေ့တော်၌ ယနေ့ ချေပပြောဆိုရတော့မည်ကို မင်္ဂလာတစ်ပါးဖြစ်သည်ဟု အကျွန်ုပ်မှတ်ယူပါသည်။
သို့သော် သခင်ဘုရားက“သွားလော့။ ဤသူကား လူမျိုးခြားများ၊ ရှင်ဘုရင်များနှင့် အစ္စရေးအမျိုးသားများရှေ့သို့ ငါ၏နာမကိုယူဆောင်သွားရန် ငါရွေးကောက်ထားသောတန်ဆာပလာဖြစ်၏။
အစ္စရေးလူမျိုးနှင့်ပတ်သက်၍မူကား “နာခံခြင်းမရှိ၊ ဆန့်ကျင်ပုန်ကန်တတ်သောလူမျိုးထံသို့ တစ်နေ့လုံး ငါ့လက်ကို ကမ်းလျက်နေခဲ့၏”ဟု ဆို၏။