ကြည့်ရှုလော့။ သင်သည် လူအများကို ဆုံးမပေးခဲ့ပြီ။ အားနည်းသောလက်တို့ကိုလည်း ခိုင်ခံ့စေခဲ့ပြီ။
ဇေဖနိ 3:16 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့ရက်တွင် ဂျေရုဆလင်မြို့အား “မကြောက်နှင့်၊ ဇိအုန်မြို့၊ လက်ပန်းမကျနှင့်။ Common Language Bible ထိုနေ့တွင်ယေရုရှလင်မြို့အားဤသို့ဆို လိမ့်မည်။ ``အို ဇိအုန်မြို့၊မကြောက်နှင့်။ သင်သည်လက်မှိုင်ချ၍မနေနှင့်။ Garrad Bible ထို နေ့ ရက်၌ ယေ ရု ရှ လင် မြို့ အား၊ အို ဇိ အုန် မြို့၊ ကြောက် ရွံ့ ခြင်း၊ လက် လျော့ ခြင်း မ ရှိ လင့်။ Judson Bible မစိုးရိမ်ပါနှင့်ဟု၊ ယေရုရှလင်မြို့အားလည်းကောင်း၊ လက်အား မလျှော့စေနှင့်ဟု၊ ဇိအုန်တောင်အားလည်းကောင်း ထိုအခါ ဆိုရ၏။ |
ကြည့်ရှုလော့။ သင်သည် လူအများကို ဆုံးမပေးခဲ့ပြီ။ အားနည်းသောလက်တို့ကိုလည်း ခိုင်ခံ့စေခဲ့ပြီ။
ထိုနေ့ရက်၌ လူတို့က “ကြည့်ရှုလော့။ ဤအရှင်ကား ငါတို့၏ဘုရားသခင်ပေတည်း။ ငါတို့သည် ကိုယ်တော်ကိုစောင့်မျှော်၍ ကိုယ်တော်သည် ငါတို့ကိုကယ်တင်တော်မူ၏။ ဤအရှင်ကား ငါတို့စောင့်မျှော်သော ထာဝရဘုရားပေတည်း။ ငါတို့သည် ကိုယ်တော်၏ကယ်တင်ခြင်းကြောင့် ရွှင်လန်းဝမ်းမြောက်ကြကုန်စို့”ဟု ဆိုကြလိမ့်မည်။
အို ဇိအုန်တောင်၊ ကောင်းမြတ်သောသတင်းယူဆောင်လာသောသူ၊ မြင့်မားသောတောင်ပေါ်သို့ တက်လော့။ အို ဂျေရုဆလင်မြို့၊ ကောင်းမြတ်သောသတင်းယူဆောင်လာသောသူ၊ သင့်အသံကို အစွမ်းကုန်လွှင့်လော့။ အသံကိုလွှင့်လော့။ မကြောက်နှင့်။ “ကြည့်ရှုလော့။ ဤသည်ကား သင်တို့၏ဘုရားသခင်ပေတည်း”ဟု ယုဒမြို့တို့အား ပြောကြားလော့။
မကြောက်နှင့်၊ ငါသည် သင်နှင့်အတူရှိ၏။ မစိုးရိမ်နှင့်။ ငါသည် သင်၏ဘုရားသခင်ဖြစ်၏။ အကယ်စင်စစ် သင့်ကို ခိုင်ခံ့စေမည်။ သင့်ကို ကူညီမစမည်။ ငါ၏ဖြောင့်မတ်သောလက်ယာလက်ဖြင့် သင့်ကို ငါထောက်မမည်။
သင့်ကိုဖန်ဆင်းသောအရှင်၊ သင့်ကို ဝမ်းထဲကပင်ပုံဖော်ဖန်ဆင်းတော်မူ၍ သင့်ကိုကူညီမစသောထာဝရဘုရားက “ငါ့အစေအပါး ယာကုပ်၊ ငါရွေးချယ်သောယေရှုရုန်၊ မကြောက်နှင့်။
သင်မကြောက်နှင့်၊ အရှက်ကွဲရမည်မဟုတ်။ သင်မရှက်နှင့်၊ မျက်နှာပျက်ရမည်မဟုတ်။ အကယ်စင်စစ် ငယ်ရွယ်စဉ်ကအရှက်ကွဲခဲ့ရသည်ကို သင်မေ့လျော့သွားမည်။ မုဆိုးမဘဝကကဲ့ရဲ့ခံခဲ့ရသည်ကို သင်သတိရတော့မည်မဟုတ်။
အို ပြည်တော်၊ မကြောက်ရွံ့နှင့်။ ဝမ်းမြောက်ရွှင်လန်းလော့။ ထာဝရဘုရားသည် ကြီးမြတ်သောအမှုကို ပြုတော်မူလေပြီ။
အို ယုဒအမျိုးအနွယ်နှင့် အစ္စရေးအမျိုးအနွယ်တို့၊ သင်တို့သည် လူမျိုးခြားတို့အလယ်တွင် ကျိန်ဆဲစရာဖြစ်ခဲ့သော်လည်း သင်တို့ကို ငါကယ်တင်မည်။ ကောင်းချီးပေးမည်။ မကြောက်ကြနှင့်။ သင်တို့လက်ကို ခိုင်ခံ့စေလော့’ဟု မိန့်တော်မူ၏။
ယခုကာလတွင်လည်း ယုဒအမျိုးအနွယ် ဂျေရုဆလင်မြို့သားတို့ ကောင်းစားဖို့ ငါပြုမည်ဟု စိတ်ပိုင်းဖြတ်ထားပြီ။ ထို့ကြောင့် မကြောက်ကြနှင့်။
နောက်တစ်နေ့တွင် ပွဲတော်သို့ရောက်လာသည့် များစွာသောလူထုပရိသတ်တို့သည် ဂျေရုဆလင်မြို့သို့ ယေရှုကြွလာတော်မူမည်ဟုကြားသိသဖြင့်
ထို့ကြောင့် ငါတို့သည် ကရုဏာတော်ကိုခံစားရလျက် ဤအမှုတော်ကိုဆောင်ရွက်ရသည်ဖြစ်၍ စိတ်ပျက်အားလျော့ခြင်းမရှိကြချေ။
ငါတို့သည် ကောင်းသောအမှုကိုပြုရာ၌ စိတ်ပျက်အားလျော့ခြင်းမရှိဘဲ နေကြကုန်စို့။ အကြောင်းမူကား စိတ်မပျက်ဘဲနေလျှင် အချိန်တန်သောအခါ ရိတ်သိမ်းရကြလိမ့်မည်။
သို့ဖြစ်၍ သင်တို့အတွက် ငါခံရသောဆင်းရဲဒုက္ခများကြောင့် စိတ်ပျက်အားလျော့ခြင်းမရှိကြရန် ငါတောင်းပန်၏။ ထိုအရာများသည် သင်တို့၏ဂုဏ်သရေဖြစ်၏။
ထို့ကြောင့် အားအင်ကုန်ခန်းနေသောလက်များနှင့် ချည့်နဲ့နေသောဒူးများကို ပြန်လည်ခိုင်ခံ့စေကြလော့။
သင်သည် သည်းခံခြင်းရှိလျက် ငါ၏နာမအတွက် အပင်ပန်းခံ၍ အားလျော့ခြင်းမရှိခဲ့ချေ။