ထိုအခါ ငါက “အဘယ်အရပ်သို့ သွားမည်နည်း”ဟု မေးလျှင် သူက “ဂျေရုဆလင်မြို့၏အလျားအနံမည်မျှရှိသည်ကို သိနိုင်ရန် သွား၍တိုင်းမည်”ဟု ငါ့အား ဖြေ၏။
ဇာခရိ 5:10 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ငါနှင့်စကားပြောနေသောကောင်းကင်တမန်ကို ငါက “သူတို့သည် ဧဖာကို မည်သည့်နေရာသို့ ချီဆောင်သွားမည်နည်း”ဟု မေးလျှောက်လျှင် Common Language Bible ငါသည်ကောင်းကင်တမန်အား``ထိုသူတို့ သည်ခြင်းတောင်းကိုအဘယ်အရပ်သို့ ယူဆောင်သွားကြပါသနည်း'' ဟုမေး လျှင်၊ Garrad Bible ငါ နှင့် မြွက် ဆို သော စေ တ မန် တော် အား၊ တင်း တောင်း ကို မည် သည့် အ ရပ် သို့ ဆောင် သွား ကြ ပါ သ နည်း ဟု မေး ရာ၊ Judson Bible ထိုဧဖာကို အဘယ်သို့ ချီသွားကြသနည်းဟု ငါနှင့် ပြောဆိုသော ကောင်းကင်တမန်အား ငါမေးသော်၊ |
ထိုအခါ ငါက “အဘယ်အရပ်သို့ သွားမည်နည်း”ဟု မေးလျှင် သူက “ဂျေရုဆလင်မြို့၏အလျားအနံမည်မျှရှိသည်ကို သိနိုင်ရန် သွား၍တိုင်းမည်”ဟု ငါ့အား ဖြေ၏။
သူက “ရှိနာပြည်သို့ ချီဆောင်သွား၏။ ထိုပြည်တွင် ဧဖာအဖို့ အိမ်ဆောက်မည်။ အဆင်သင့်ပြင်ဆင်ပြီးသောအခါ ဧဖာကို ထိုနေရာတွင်ထားမည်”ဟု ပြန်ဖြေ၏။
တစ်ဖန် ငါမျှော်ကြည့်လျှင် မိန်းမနှစ်ယောက် ပေါ်လာသည်ကို မြင်ရ၏။ သူတို့သည် လေဟုန်စီးပြီး ပျံဝဲလာ၏။ ထိုတောင်ပံများသည် ငှက်ကျားတောင်ပံနှင့် တူ၏။ သူတို့သည် ဧဖာကို ချီပြီး မြေကြီးနှင့် ကောင်းကင်ကြားသို့ ပျံသန်းသွားကြ၏။
ထိုအခါ ငါနှင့်စကားပြောနေသောကောင်းကင်တမန်အား ငါက “အကျွန်ုပ်၏သခင်၊ ဤအရာများကား မည်သို့ ဆိုလိုသနည်း”ဟု မေးလျှောက်လျှင်