ကိုယ်တော်သည် အဘယ်ကြောင့် ၎င်း၏ခြံစည်းရိုးတို့ကိုဖြိုဖျက်တော်မူသနည်း။ ယခုမှာမူ လမ်း၌ဖြတ်သွားသောသူအားလုံးသည် ၎င်း၏အသီးကိုဆွတ်ခူးကြပါ၏။
ထိုအပင်ကိုကာရံထားသည့်ခြံစည်းရိုးများကို အဘယ်ကြောင့်ကိုယ်တော်ရှင်သည် ချိုးဖျက်တော်မူပါသနည်း။ ယခုအခါအနီးမှဖြတ်သန်းသွားလာ သူတိုင်းပင်လျှင်စပျစ်သီးများကိုခိုးယူ နိုင်ပါ၏။
ယ ခု မူ ကား၊ လမ်း ဖြင့် သီ သွား သူ တိုင်း ဆွတ် ခူး ရ အောင်၊ ခြံ စည်း များ ကို အ ဘယ့် ကြောင့် ချိုး ဖျက် တော် မူ ပါ သ နည်း။
ယခုမူကား၊ လမ်း၌ လျှောက်သွားသောသူအပေါင်းတို့သည် ဆွတ်စေခြင်းငှာ၊ သူ၏ခြံကို အဘယ်ကြောင့် ချိုးဖျက်တော်မူသနည်း။
ရှောလမုန်မင်းကြီးအား ရှင်ဘုရင်အဖြစ်ဘိသိက်ပေး၍ ခမည်းတော်၏အရိုက်အရာကို ဆက်ခံစေကြောင်း ဒါဝိဒ်မင်းကြီးလက်ထက်တစ်လျှောက် ဒါဝိဒ်မင်းကြီးနှင့်မိတ်ဆွေဖြစ်ခဲ့သော တိုင်ရာဘုရင်ဟိရံမင်းကြီးကြားသိလျှင် ရှောလမုန်မင်းကြီးထံသို့ မိမိအမှုထမ်းများကိုစေလွှတ်၍ မိတ်ဖွဲ့စေ၏။
ယခု ငါ၏စပျစ်ခြံကို ငါမည်သို့ပြုမည်ကို သင်တို့အား ငါပြောမည်။ ခြံစည်းရိုးကို ငါဖယ်ရှားသဖြင့် စပျစ်ခြံသည် ဝါးမျိုဖျက်ဆီးခြင်းခံရမည်။ တံတိုင်းကို ငါဖြိုဖျက်သဖြင့် စပျစ်ခြံသည် နင်းချေခြင်းခံရမည်။
လုယက်ဖျက်ဆီးသောသူတို့သည် အကိုင်းအခက်များပါမကျန် လုယက်ဖျက်ဆီးခဲ့သော်လည်း စင်စစ် ထာဝရဘုရားသည် အစ္စရေးလူမျိုး၏ဘုန်းတန်ခိုးကဲ့သို့ ယာကုပ်အမျိုး၌ ဘုန်းတန်ခိုးပြန်ပေးတော်မူမည်။
သူသည်လာ၍ ထိုခြံသမားတို့ကို အဆုံးစီရင်ကာ စပျစ်ခြံကို အခြားသောသူတို့အား ပေးလိမ့်မည်”ဟု မိန့်တော်မူ၏။ ကြားရသောသူတို့ကလည်း “ထိုသို့မဖြစ်ပါစေနှင့်”ဟု ဆိုကြ၏။