သူတို့၏တိရစ္ဆာန်တို့ကို မိုးသီးလက်သို့လည်းကောင်း၊ သူတို့၏သိုးနွားတို့ကို မိုးကြိုးလက်သို့လည်းကောင်း အပ်တော်မူ၏။
သူတို့၏ကျွဲနွားတိရစ္ဆာန်များကို မိုးသီးအားဖြင့်လည်းကောင်း၊ သိုးအုပ်ဆိတ်အုပ်များကိုမိုးကြိုး အားဖြင့်လည်းကောင်းဖျက်ဆီးပစ်တော်မူ၏။
သိုး၊ နွား များ ကို မိုး သီး ၌ လည်း ကောင်း၊ တိ ရ စ္ဆာန် များ ကို မိုး ကြိုး မီး၌ လည်း ကောင်း၊ လွှဲ အပ် တော် မူ ခြင်း၊
သူတို့၏သိုးနွားများကို မိုးသီး၌လည်းကောင်း၊ ပြုစုသောတိရစ္ဆာန်များကို မီး၌လည်းကောင်း အပ်တော်မူ၏။
ထို့ကြောင့် သင်၏တိရစ္ဆာန်များနှင့် လယ်ထဲရှိသင်ပိုင်သောအရာအားလုံးတို့ကို လုံခြုံရာသို့သိမ်းဆည်းရန် ယခုပင်အမိန့်ပေးလော့။ အိမ်သို့မခေါ်ဆောင်လာသည့် လယ်၌ရှိသမျှသောလူနှင့်တိရစ္ဆာန်တို့အပေါ်သို့ မိုးသီးကျ၍ သေကြလိမ့်မည်’ဟူ၍ မိန့်တော်မူကြောင်း ဆင့်ဆိုရမည်”ဟု မိန့်တော်မူ၏။
အီဂျစ်ပြည်တစ်ပြည်လုံးတွင် လယ်ပြင်၌ရှိသမျှသော လူမှစ၍ တိရစ္ဆာန်တိုင်အောင် မိုးသီးထိလေ၏။ လယ်ထဲ၌ရှိသမျှအပင်တို့ကိုလည်း မိုးသီးထိ၍ လယ်ထဲ၌ရှိသောအပင်အားလုံး ပျက်စီးလေ၏။
ဘုရားသခင်ထံမှ မိုးချုန်းသံများနှင့်မိုးသီးကျခြင်းမှာ တော်လောက်ပါပြီ။ ထာဝရဘုရားထံဆုတောင်းပေးပါလော့။ သင်တို့ကို ဆက်၍မနေစေဘဲ သင်တို့ကို ငါလွှတ်ပေးမည်”ဟု ဆိုလေ၏။