ထာဝရဘုရားသည် ငါခွဲဝေရရှိထားသောငါ၏ဝေစု၊ ငါ၏ခွက်ဖလားဖြစ်တော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်ရရှိမည့်အမွေဝေစုကို ထိန်းသိမ်းပေးထားတော်မူ၏။
ဆာလံ 61:6 - မြန်မာ့စံမီသမ္မာကျမ်း ရှင်ဘုရင်၏နေ့ရက်များကို ထပ်၍တိုးပေးတော်မူပါ။ သူ၏နှစ်ကာလတို့ကိုလည်း မျိုးဆက်အစဉ်အဆက် တည်စေတော်မူပါ။ Common Language Bible မင်းကြီးအားသက်တော်ရာကျော်ရှည်စေ တော်မူပါ။ ကာလအစဉ်အဆက်သက်တော်ရှည်စေတော် မူပါ။ Garrad Bible ဘု ရင် မင်း အား တစ် နေ့၊ နောက် တစ် နေ့ ထပ် ဆင့် လျက်၊ နှစ် ပေါင်း ကို လည်း လူ မျိုး အ ဆက် ဆက် ရှည် စေ တော် မူ ပါ။ Judson Bible ရှင်ဘုရင်၏ အသက်နေ့ရက်ကာလကို ရှည်စေတော်မူ၍၊ နှစ်စဉ်မပြတ် နိစ္စထာဝရတည်ပါစေသော။ |
ထာဝရဘုရားသည် ငါခွဲဝေရရှိထားသောငါ၏ဝေစု၊ ငါ၏ခွက်ဖလားဖြစ်တော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်ရရှိမည့်အမွေဝေစုကို ထိန်းသိမ်းပေးထားတော်မူ၏။
ငါ့အတွက်သတ်မှတ်ထားသောနယ်မြေသည် နှစ်လိုဖွယ်ကောင်းသောအရပ်တို့၌ ကျလေပြီ။ အမှန်ပင် သာယာကြည်နူးဖွယ်ကောင်းသော အမွေကို ငါခံရလေပြီ။
သူသည် ကိုယ်တော့်ထံမှ အသက်ရှင်ခြင်းကိုတောင်းလျှောက်ရာ ကိုယ်တော်သည် ကာလအစဉ်အသက်တာရှည်ခြင်းကို သူ့အားပေးတော်မူ၏။
ကိုယ်တော်သည် သူ့အား ကောင်းချီးမင်္ဂလာများကို ထာဝစဉ်ချပေး၍ ရှေ့တော်မှဝမ်းမြောက်ခြင်းဖြင့် သူ့ကိုဝမ်းသာအားရဖြစ်စေတော်မူ၏။
ထာဝရဘုရားသည် သူ့ကိုချိုးဖဲ့ခြေမွှရန် အလိုတော်ရှိ၏။ သူ့ကိုနာကျင်စေတော်မူ၏။ သူ၏စိတ်ဝိညာဉ်သည် အပြစ်ဒဏ်ဖြေရာယဇ်ကို ပူဇော်ပြီးလျှင် သူသည် သားစဉ်မြေးဆက်ကိုမြင်ရမည်။ သူ၏နေ့ရက်တို့သည် ရှည်၍ ထာဝရဘုရား၏အလိုတော်သည် သူ၏လက်၌ ပြည့်စုံခြင်းသို့ရောက်မည်။