ဆိုးယုတ်သောသူတို့သည် အကျွန်ုပ်အတွက် ကျော့ကွင်းထောင်ထားကြပါ၏။ သို့သော် အကျွန်ုပ်သည် ကိုယ်တော်၏ဥပဒေသများမှ လမ်းလွဲမသွားပါ။
ဆာလံ 38:13 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် အကျွန်ုပ်သည် နားမကြားသူကဲ့သို့ မည်သည့်အရာကိုမျှမကြားပါ။ မိမိနှုတ်ကိုမဖွင့်သောဆွံ့အသူကဲ့သို့လည်း ဖြစ်ပါ၏။ Common Language Bible ကျွန်တော်မျိုးသည်နားပင်းသူကဲ့သို့မကြား နိုင်ပါ။ ဆွံ့အသူကဲ့သို့စကားမပြောနိုင်ပါ။ Garrad Bible အ ကျွန်ုပ် မူ ကား၊ နား ပင်း သူ ကဲ့ သို့ မ ကြား ဘဲ၊ အ သူ ကဲ့ သို့ နှုတ် မ ဖွင့် ဘဲ နေ ရ ပါ၏။ Judson Bible အကျွန်ုပ်မူကား၊ နားပင်းသောသူကဲ့သို့ မကြား။ နှုတ်ကို မဖွင့်တတ်သောလူကဲသို့ ဖြစ်ပါ၏။ |
ဆိုးယုတ်သောသူတို့သည် အကျွန်ုပ်အတွက် ကျော့ကွင်းထောင်ထားကြပါ၏။ သို့သော် အကျွန်ုပ်သည် ကိုယ်တော်၏ဥပဒေသများမှ လမ်းလွဲမသွားပါ။
ငါသည် ကောင်းသောအရာကိုပင်မပြောဘဲ တိတ်ဆိတ်ငြိမ်သက်စွာနေ၏။ ထိုအခါ ငါ၏ဝေဒနာသည် ပိုမိုပြင်းထန်လာ၏။
ကိုယ်တော်သည် ဤသို့ပြုတော်မူသောကြောင့် အကျွန်ုပ်သည် တိတ်ဆိတ်စွာနေလျက် အကျွန်ုပ်၏နှုတ်ကိုမဖွင့်ဘဲနေပါ၏။
သူသည် ညှဉ်းဆဲနှိပ်စက်ခြင်းခံရသော်လည်း နှုတ်ကိုမဖွင့်ဘဲနေ၏။ အသတ်ခံရမည့်နေရာသို့ ခေါ်ဆောင်သွားခြင်းခံရသောသိုးသငယ်ကဲ့သို့၊ အမွေးညှပ်သောသူရှေ့၌ တိတ်ဆိတ်စွာနေသောသိုးကဲ့သို့ နှုတ်ကိုမဖွင့်ဘဲနေ၏။
ပုတ်ခတ်ပြောဆိုခြင်းခံရသောအခါ ပြန်၍မတုံ့ပြန်၊ ဒုက္ခဝေဒနာခံစားရသောအခါ၌လည်း ခြိမ်းခြောက်ခြင်းကိုမပြုဘဲ ဖြောင့်မတ်စွာတရားစီရင်တော်မူသောအရှင်ထံသို့ မိမိကိုယ်ကိုအပ်နှံတော်မူ၏။