အို ထာဝရဘုရား၊ ကိုယ်တော်၏ကတိတော်အတိုင်း ကိုယ်တော်၏မေတ္တာကရုဏာနှင့်ကိုယ်တော်၏ကယ်တင်ခြင်းသည် အကျွန်ုပ်ထံ ရောက်လာပါစေသော။
ဆာလံ 119:123 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်၏မျက်စိသည် ကိုယ်တော်၏ကယ်တင်ခြင်းနှင့် ကိုယ်တော်၏ဖြောင့်မတ်သောမိန့်တော်မူချက်ကို တောင့်တလျက် အားအင်ကုန်ခန်းပါ၏။ Common Language Bible ကိုယ်တော်၏ကူမတော်မူခြင်း"ကတိထားတော် မူသော ကယ်နုတ်ခြင်းကိုစောင့်မှော်ရသည်မှာ ကွန်တော်မျိုး၏မက်စိညောင်းညာလက်နေပါ၏။ Garrad Bible ကယ် တင် တော် မူ ခြင်း ကျေး ဇူး နှင့် ဖြောင့် မတ် သော ဗျာ ဒိတ် တော် ကို၊ စောင့် မျှော်၍ မျက် စိ အား ကုန် ပါ ပြီ။ Judson Bible ကယ်တင်တော်မူခြင်း ကျေးဇူးကိုလည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားတော်နှင့် ယှဉ်သော ဗျာဒိတ်တော်ကိုလည်းကောင်း၊ အကျွန်ုပ်မျက်စိသည်မျှော်၍ အားကုန်ပါပြီ။ |
အို ထာဝရဘုရား၊ ကိုယ်တော်၏ကတိတော်အတိုင်း ကိုယ်တော်၏မေတ္တာကရုဏာနှင့်ကိုယ်တော်၏ကယ်တင်ခြင်းသည် အကျွန်ုပ်ထံ ရောက်လာပါစေသော။
ကင်းစောင့်တို့သည် နံနက်အချိန်ကိုစောင့်မျှော်ကြသည်ထက် အကယ်စင်စစ် ကင်းစောင့်တို့သည် နံနက်အချိန်ကိုစောင့်မျှော်ကြသည်ထက် ငါ၏စိတ်ဝိညာဉ်သည် ဘုရားရှင်ကို စောင့်မျှော်၏။
အို ထာဝရဘုရား၊ အကျွန်ုပ်ကို အလျင်အမြန်ထူးတော်မူပါ။ အကျွန်ုပ်၏ဝိညာဉ်သည် အားအင်ကုန်ခန်းပါပြီ။ အကျွန်ုပ်သည် သေတွင်းထဲသို့ ဆင်းသွားသောသူတို့ကဲ့သို့ မဖြစ်ရပါမည့်အကြောင်း အကျွန်ုပ်ထံမှ မျက်နှာလွှဲတော်မမူပါနှင့်။
အကျွန်ုပ်သည် ဟစ်ခေါ်ရ၍ ပင်ပန်းပါပြီ။ အကျွန်ုပ်၏အာခေါင်သည် ခြောက်ပါပြီ။ အကျွန်ုပ်၏မျက်စိသည် အကျွန်ုပ်၏ဘုရားသခင်ကိုမျှော်ကြည့်ရ၍ အားအင်ကုန်ခန်းပါပြီ။
ငါတို့သည် ကူညီမစခြင်းကို အချည်းနှီးစောင့်မျှော်လျက် ငါတို့မျက်စိသည် အားအင်ကုန်ခန်းလေပြီ။ မကယ်တင်နိုင်သောလူမျိုးခြားကို စောင့်မျှော်နေမိပြီ။