သို့သော် ဥယျာဉ်အလယ်ရှိအပင်၏အသီးကိုမူ ဘုရားသခင်က ‘သင်တို့သည် ထိုအသီးကိုမစားရ၊ မထိရ။ ထိမိ၊ စားမိလျှင် သေရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မြွေအားဆိုလေ၏။
ကောလောသဲ 2:21 - မြန်မာ့စံမီသမ္မာကျမ်း မထိနှင့်၊ မမြည်းနှင့်၊ မကိုင်နှင့်ဟူသော စည်းမျဉ်းများကိုလိုက်နာကြသနည်း။ Common Language Bible ထိုသို့ဖြစ်ပါလျက်သင်တို့သည်အဘယ်ကြောင့် ဤလောကနှင့်သက်ဆိုင်သူများကဲ့သို့ပြုကျင့် နေကြသနည်း။ အဘယ်ကြောင့်``ဤအရာကို မကိုင်နှင့်။ ထိုအရာကိုမမြည်းမစမ်းနှင့်။ မတို့ မထိနှင့်'' အစရှိသည့်ဥပဒေများကိုလိုက် လျှောက်နေကြသနည်း။- Judson Bible မတို့နှင့်၊ မမြည်းနှင့်၊ မကိုင်နှင့်ဟူသော ပညတ်စကားကို လောကီအသက်ရှင်သေးသကဲ့သို့၊ အဘယ်ကြောင့် နားထောင်ကြသနည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း “မတို့နှင့်၊ မမြည်းနှင့်၊ မထိနှင့်” ဟူသော စည်းမျဉ်းများကို အဘယ်ကြောင့် လိုက်နာကြသနည်း။ |
သို့သော် ဥယျာဉ်အလယ်ရှိအပင်၏အသီးကိုမူ ဘုရားသခင်က ‘သင်တို့သည် ထိုအသီးကိုမစားရ၊ မထိရ။ ထိမိ၊ စားမိလျှင် သေရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မြွေအားဆိုလေ၏။
ထွက်သွားကြ။ ထွက်သွားကြ။ ထိုအရပ်မှ ထွက်ခွာသွားကြ။ မစင်ကြယ်သောအရာကို မထိကြနှင့်။ ထိုအရပ်မှ ထွက်ခွာသွားကြလော့။ ထာဝရဘုရား၏တဲတော်တန်ဆာပလာများကို ထမ်းသောသူတို့၊ သန့်ရှင်းစင်ကြယ်ခြင်းရှိကြလော့။
“ထို့ကြောင့် ထိုသူတို့အထဲမှ ထွက်၍ သီးခြားနေကြလော့”ဟု ထာဝရဘုရားမိန့်တော်မူ၏။ “ညစ်ညူးသောအရာကို မတို့မထိနှင့်။ ထိုသို့ပြုလျှင် ငါသည် သင်တို့ကိုလက်ခံ၍
သင်တို့သည် ခရစ်တော်နှင့်အတူသေဆုံး၍ လောက၏အခြေခံတရားမှ ခွဲခွာခဲ့သည်ဆိုလျှင် အဘယ်ကြောင့် လောက၌အသက်ရှင်နေသကဲ့သို့
ထိုအရာအားလုံးတို့သည် လူတို့၏ပညတ်ချက်နှင့်သွန်သင်ချက်များဖြစ်ကြသည်နှင့်အညီ အသုံးပြုရင်း ပျက်စီးသွားမည့်အရာများဖြစ်ကြ၏။
သူတို့သည် အိမ်ထောင်ပြုခြင်းကိုတားမြစ်ကြ၍ ယုံကြည်သူနှင့်သမ္မာတရားကိုသိသောသူတို့သည် ကျေးဇူးတော်ချီးမွမ်းလျက်သုံးဆောင်ရန်အတွက် ဘုရားသခင်ဖန်ဆင်းထားသောအစားအစာများကို ရှောင်ကြဉ်စေကြလိမ့်မည်။