သင်တို့အား အကျွန်ုပ်ကိုယ်တိုင်ပြောသည်ကို သင်တို့မျက်မြင်၊ အကျွန်ုပ်ညီဗင်္ယာမိန်မျက်မြင် ဖြစ်၏။
ကမ္ဘာဦး 45:13 - မြန်မာ့စံမီသမ္မာကျမ်း အီဂျစ်ပြည်၌ အကျွန်ုပ်ရသောဂုဏ်သရေရှိသမျှနှင့် သင်တို့တွေ့မြင်သောအရာရှိသမျှတို့ကို အကျွန်ုပ်၏ဖခင်အားပြောပြရမည်။ သင်တို့သည် အလျင်အမြန်သွား၍ အကျွန်ုပ်၏ဖခင်ကို ဤအရပ်သို့ခေါ်ဆောင်ခဲ့ရမည်”ဟု ဆိုလေ၏။ Common Language Bible ကျွန်ုပ်သည်အီဂျစ်ပြည်တွင်မည်မျှလောက်တန်ခိုး ကြီးပုံနှင့် သင်တို့တွေ့မြင်သမျှအကြောင်းကို ဖခင်အားပြောပြကြပါလော့။ ဖခင်ကိုလည်း ဤအရပ်သို့အလျင်အမြန်ခေါ်ဆောင်ခဲ့ကြ ပါလော့'' ဟုထပ်မံမှာကြားလေ၏။ Garrad Bible အိ ဂျစ် ပြည် တွင် ကျွန်ုပ် ရ သော ဘုန်း စည်း စိမ် မှ စ၍ မြင် သ မျှ ကို အ ဘ အား ကြား ပြော လျက် ဤ ပြည် သို့ အ လျင် အ မြန် ခေါ် ယူ ခဲ့ ကြ ပါ ဟု ဆို ပြီး လျှင်၊ Judson Bible အဲဂုတ္တုပြည်၌ ကျွန်ုပ်ရသော ဘုန်းစည်းစိမ်မှစ၍ သင်တို့မြင်သမျှတို့ကို အဘအားပြောရမည်။ အလျင်အမြန်ပြု၍ အဘကို ဤပြည်သို့ဆောင်ခဲ့ရမည်ဟု ဆိုပြီးလျှင်၊ |
သင်တို့အား အကျွန်ုပ်ကိုယ်တိုင်ပြောသည်ကို သင်တို့မျက်မြင်၊ အကျွန်ုပ်ညီဗင်္ယာမိန်မျက်မြင် ဖြစ်၏။
အို အဖ၊ ကမ္ဘာမတည်မရှိမီကပင် ကိုယ်တော်သည် အကျွန်ုပ်ကိုချစ်တော်မူ၍ အကျွန်ုပ်အားပေးတော်မူသောအကျွန်ုပ်၏ဘုန်းအသရေကို အကျွန်ုပ်ထံကိုယ်တော်ပေးအပ်တော်မူသောသူတို့သည် ရှုမြင်ရကြရန် သူတို့ကို အကျွန်ုပ်ရှိရာအရပ်၌ အကျွန်ုပ်နှင့်အတူရှိစေလိုပါ၏။
ထို့နောက် ယောသပ်သည် လူလွှတ်၍ မိမိ၏ဖခင်ယာကုပ်နှင့်တကွ ခုနစ်ဆယ့်ငါးယောက်ရှိသော ဆွေမျိုးသားချင်းအားလုံးကို ခေါ်လေ၏။
ဘုရားသခင်၏ဘုန်းအသရေတော်သည် ထိုမြို့ကိုထွန်းလင်းစေ၍ သိုးသငယ်တော်သည် ထိုမြို့၏ဆီမီးဖြစ်သောကြောင့် ထိုမြို့ကိုထွန်းလင်းစေရန် နေနှင့်လတို့ကို မလိုအပ်ပေ။