ယာကုပ်သည်လည်း ထိုအတိုင်းပြု၏။ ထိုရက်သတ္တပတ်လွန်သောအခါ လာဗန်သည် မိမိသမီးရာခေလကို ယာကုပ်နှင့်ထိမ်းမြားပေးလေ၏။
ကမ္ဘာဦး 44:27 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သခင့်အစေအပါးဖြစ်သော အကျွန်ုပ်တို့ဖခင်က ‘ငါ့မယားသည် ငါ့အတွက် သားနှစ်ယောက်မွေးဖွားခဲ့ကြောင်း သင်တို့သိကြ၏။ Common Language Bible ဖခင်က`သင်တို့သိသည့်အတိုင်းရာခေလသည် သားနှစ်ယောက်တည်းဖွားမြင်၍၊- Garrad Bible အ ရှင့် ကျွန်၊ ကျွန် တော် မျိုး တို့ အ ဘ က လည်း ငါ့ မ ယား တွင် သား နှစ် ယောက် တို့ ကို ဖွား မြင် ကြောင်း သင် တို့ သိ ကြ၏။၊ Judson Bible ကိုယ်တော်ကျွန်၊ ကျွန်တော်အဘကလည်း၊ သင်တို့သိသည်အတိုင်း ငါ့မယားသည် ငါ့အားသားနှစ်ယောက်ကိုဖွား၏။ |
ယာကုပ်သည်လည်း ထိုအတိုင်းပြု၏။ ထိုရက်သတ္တပတ်လွန်သောအခါ လာဗန်သည် မိမိသမီးရာခေလကို ယာကုပ်နှင့်ထိမ်းမြားပေးလေ၏။
သို့သော် ယာကုပ်က “ငါ့သားသည် သင်တို့နှင့်အတူမသွားရ။ အကြောင်းမူကား သူ၏အစ်ကိုသေပြီ။ သူတစ်ယောက်တည်းကျန်၏။ အကယ်၍ သင်တို့သွားမည့်လမ်းခရီး၌ သူ့အပေါ်အန္တရာယ်ကျရောက်မည်ဆိုလျှင် သင်တို့သည် ဆံပင်ဖြူသူငါ့ကို ဝမ်းနည်းစွာဖြင့်မရဏာနိုင်ငံသို့ ဆင်းသွားစေရာရောက်လိမ့်မည်”ဟု ဆိုလေ၏။
သို့သော် အကျွန်ုပ်တို့က ‘အကျွန်ုပ်တို့မသွားနိုင်ပါ။ အငယ်ဆုံးညီသည် အကျွန်ုပ်တို့နှင့်အတူမပါလျှင် ထိုသူ၏မျက်နှာကို မြင်ရမည်မဟုတ်။ ထို့ကြောင့် အငယ်ဆုံးညီသည် အကျွန်ုပ်တို့နှင့်အတူပါလျှင် အကျွန်ုပ်တို့သွားပါမည်’ဟု ပြန်ပြောကြပါ၏။
ဤသူတို့ကား ယာကုပ်အတွက် ရာခေလမွေးဖွားပေးသော ရာခေလ၏သားများဖြစ်၍ စုစုပေါင်း တစ်ဆယ့်လေးယောက်ရှိ၏။