သို့သော် သခင်က သခင့်အစေအပါးတို့အား ‘သင်တို့၏အငယ်ဆုံးညီကို သင်တို့နှင့်အတူမခေါ်ဆောင်လာခဲ့ပါက ငါ့မျက်နှာကို နောက်တစ်ဖန်သင်တို့မြင်ရမည်မဟုတ်’ဟု ဆိုပါ၏။
ကမ္ဘာဦး 44:24 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်တို့သည် သခင့်အစေအပါးဖြစ်သော အကျွန်ုပ်တို့၏ဖခင်ထံသို့ ပြန်ရောက်သောအခါ သခင့်စကားကို ဖခင်အားပြောပြကြပါ၏။ Common Language Bible ``ကျွန်တော်တို့အဖထံသို့ပြန်ရောက်ကြသော အခါ အရှင်မိန့်ကြားသမျှကိုအဖအားပြန် ကြားပါသည်။- Garrad Bible အ ရှင့် ကျွန်၊ ကျွန် တော် မျိုး တို့ အ ဘ ထံ ပြန် ရောက်၍ အ ရှင့် စ ကား ကို ပြန် ကြား ကြ ပါ ၏။ Judson Bible ထိုနောက်ကျွန်တော်တို့သည် ကိုယ်တော်ကျွန်တည်းဟူသော ကျွန်တော်တို့အဘထံသို့ ပြန်၍ရောက်သောအခါ၊ သခင်စကားတော်ကို အဘအားပြန်ကြားပါ၏။ |
သို့သော် သခင်က သခင့်အစေအပါးတို့အား ‘သင်တို့၏အငယ်ဆုံးညီကို သင်တို့နှင့်အတူမခေါ်ဆောင်လာခဲ့ပါက ငါ့မျက်နှာကို နောက်တစ်ဖန်သင်တို့မြင်ရမည်မဟုတ်’ဟု ဆိုပါ၏။
ထို့နောက် အကျွန်ုပ်တို့၏ဖခင်က ‘တစ်ဖန်သွား၍ ငါတို့အတွက် အစားအစာအနည်းငယ်ကို ဝယ်ယူကြလော့’ဟု ဆို၏။