အကျွန်ုပ်တို့ကလည်း သခင့်အား ‘သူငယ်သည် အဖေ့ကိုထားခဲ့၍မရပါ။ အဖေ့ကို ထားခဲ့လျှင် အဖေသေပါလိမ့်မည်’ဟု လျှောက်ကြပါ၏။
ကျွန်တော်တို့က`သူငယ်သည်အဖနှင့်မခွဲနိုင် ပါ။ အဖနှင့်ခွဲခွာခဲ့လျှင်အဖသေပါလိမ့် မည်' ဟုပြောပါသည်။-
ကျွန် တော် မျိုး တို့ က လည်း ထို သူ ငယ် ကို အ ဘ မ ကွေ မ ကွင်း နိုင် ပါ။ ကွေ ကွင်း ရ လျှင် အ ဘ သေ ပါ လိမ့် မည် ဟု လျှောက် ကြ ရာ၊
ကျွန်တော်တို့က ထိုသူငယ်ကို အဘနှင့်မခွာနိုင်ပါ။ အဘနှင့်ခွာလျှင် အဘသေပါလိမ့်မည်ဟု သခင်အားလျှောက်သော်လည်း၊
သို့သော် ယာကုပ်က “ငါ့သားသည် သင်တို့နှင့်အတူမသွားရ။ အကြောင်းမူကား သူ၏အစ်ကိုသေပြီ။ သူတစ်ယောက်တည်းကျန်၏။ အကယ်၍ သင်တို့သွားမည့်လမ်းခရီး၌ သူ့အပေါ်အန္တရာယ်ကျရောက်မည်ဆိုလျှင် သင်တို့သည် ဆံပင်ဖြူသူငါ့ကို ဝမ်းနည်းစွာဖြင့်မရဏာနိုင်ငံသို့ ဆင်းသွားစေရာရောက်လိမ့်မည်”ဟု ဆိုလေ၏။
ထိုအခါ သခင်က သခင့်အစေအပါးတို့အား ‘သူ့ကို တွေ့မြင်ရဖို့ ငါ့ထံသို့ခေါ်ဆောင်ခဲ့လော့’ဟု ဆိုပါ၏။
သို့သော် သခင်က သခင့်အစေအပါးတို့အား ‘သင်တို့၏အငယ်ဆုံးညီကို သင်တို့နှင့်အတူမခေါ်ဆောင်လာခဲ့ပါက ငါ့မျက်နှာကို နောက်တစ်ဖန်သင်တို့မြင်ရမည်မဟုတ်’ဟု ဆိုပါ၏။
သို့ဖြစ်၍ အကျွန်ုပ်သည် သခင့်အစေအပါးဖြစ်သော အကျွန်ုပ်ဖခင်ထံသို့ပြန်ရောက်သောအခါ အကျွန်ုပ်တို့နှင့်အတူ သူငယ်မပါလျှင် အဖေ၏အသက်သည် သူငယ်၏အသက်နှင့်နှောင်ဖွဲ့ရစ်ပတ်လျက်ရှိသောကြောင့်