သူတို့သည် မြို့မှထွက်၍ အဝေးသို့မရောက်သေးမီ ယောသပ်သည် မိမိ၏အိမ်ထိန်းအား “ထလော့။ သူတို့နောက်သို့လိုက်လော့။ သူတို့ကိုမီသောအခါ ‘သင်တို့သည် အဘယ်ကြောင့် အကောင်းကိုအဆိုးဖြင့်တုံ့ပြန်ရသနည်း။
ကမ္ဘာဦး 44:13 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သူတို့သည် မိမိတို့၏အဝတ်များကိုဆုတ်ဖြဲ၍ အသီးသီး မိမိတို့၏မြည်းများပေါ်သို့ ဝန်ကိုပြန်တင်ပြီးလျှင် မြို့သို့ပြန်လာကြ၏။ Common Language Bible ထိုအခါသူတို့သည်စိတ်ပျက်ဝမ်းနည်းလျက် မိမိတို့၏အဝတ်ကိုဆုတ်ဖြဲကြ၏။ ထိုနောက် မြည်းများပေါ်သို့စပါးအိတ်များကိုတင်ပြီး လျှင်မြို့ထဲသို့ပြန်၍လိုက်လာကြလေသည်။ Garrad Bible ကိုယ် စီ မြည်း ပေါ် မှာ ဝန် တင်၍ မြို့ သို့ ပြန် လာ ကြ၏။ Judson Bible ထိုအခါသူတို့သည် မိမိအဝတ်ကိုဆုတ်၍ လူတိုင်းမိမိမြည်းပေါ်မှာ ဝန်ကိုတင်ပြန်သဖြင့် မြို့သို့ပြန်သွားကြ၏။ |
သူတို့သည် မြို့မှထွက်၍ အဝေးသို့မရောက်သေးမီ ယောသပ်သည် မိမိ၏အိမ်ထိန်းအား “ထလော့။ သူတို့နောက်သို့လိုက်လော့။ သူတို့ကိုမီသောအခါ ‘သင်တို့သည် အဘယ်ကြောင့် အကောင်းကိုအဆိုးဖြင့်တုံ့ပြန်ရသနည်း။
ထိုအခါ ဒါဝိဒ်သည် မိမိဝတ်ထားသောအဝတ်ကို ဆွဲဆုတ်ပစ်၏။ သူ့နောက်လိုက်အပေါင်းတို့သည်လည်း ထိုနည်းတူ ပြုကြပြီးလျှင်
သုံးရက်မြောက်သောနေ့တွင် ရှောလုမင်းကြီး၏တပ်စခန်းမှ လူတစ်ဦးသည် အဝတ်ကိုဆုတ်လျက်၊ ခေါင်းပေါ်မြေမှုန့်တင်လျက် ဒါဝိဒ်ထံ ရောက်လာ၍ မြေပေါ်တွင်ပျပ်ဝပ်ရှိခိုးလေ၏။
တာမာသည် ခေါင်းပေါ်မှာပြာကိုတင်လျက် မိမိဝတ်ထားသောရောင်စုံသင်တိုင်းကို ဆွဲဆုတ်ပစ်လေ၏။ ထို့နောက် ခေါင်းပေါ်မှာလက်ကိုတင်ကာ အော်ဟစ်ငိုကြွေးလျက် ပြန်သွားလေ၏။
ရှင်ဘုရင်သည် အစဉ်အလာအတိုင်း တိုင်နားတွင် ရပ်နေပြီး မှူးမတ်များ၊ တံပိုးခရာမှုတ်သူများက ရှင်ဘုရင်အား ခြံရံလျက် ရှိနေသည်ကိုလည်းကောင်း၊ ပြည်သူပြည်သားအပေါင်းတို့က ဝမ်းမြောက်ပျော်ရွှင်စွာတံပိုးခရာမှုတ်နေကြသည်ကိုလည်းကောင်း အာသလိဘုရင်မ မြင်ရလျှင် သူ့အဝတ်ကိုဆုတ်ဖြဲလျက် “လျှို့ဝှက်ကြံစည်မှုပါတကား၊ လျှို့ဝှက်ကြံစည်မှုပါတကား”ဟု အော်ဟစ်လေ၏။
ထိုပြည်ကိုစူးစမ်းခဲ့သောသူတို့ထဲမှ နုန်၏သား ယောရှုနှင့် ယေဖုန္နာ၏သား ကာလက်သည် မိမိတို့အဝတ်ကို ဆုတ်ဖြဲလျက်