အကျဉ်းထောင်ထဲ၌ အကျဉ်းချထားခြင်းခံရသော အီဂျစ်ဘုရင်၏ဖလားတော်ဝန်နှင့်စားတော်ဝန်နှစ်ယောက်တို့သည် အနက်ကိုယ်စီရှိသောအိပ်မက်ကို တစ်ညတည်း၌ အိပ်မက်မက်ကြ၏။
ကမ္ဘာဦး 40:6 - မြန်မာ့စံမီသမ္မာကျမ်း နံနက်အချိန်၌ ယောသပ်သည် သူတို့ထံသို့လာ၍ကြည့်ရှုရာ သူတို့မျက်နှာမသာမယာဖြစ်နေသည်ကို မြင်လေ၏။ Common Language Bible နံနက်ချိန်၌ယောသပ်သည်သူတို့ထံသွား သောအခါ မျက်နှာညှိုးငယ်လျက်ရှိကြ သည်ကိုတွေ့မြင်ရသဖြင့်၊- Garrad Bible နံ နက် အ ချိန် ယော သပ် သည် သူ တို့ ထံ ဝင်၍ ရှု ကြည့် သော် ညှိုး ငယ် ကြ သည် ကို မြင် လျှင်၊ Judson Bible နံနက်အချိန်ရောက်မှ ယောသပ်သည် သူတို့ထံသို့ဝင်၍ကြည့်ရှုသောအခါ၊ သူတို့မျက်နှာညှိုးငယ်လျက်ရှိသည်ကိုမြင်လျှင်၊ |
အကျဉ်းထောင်ထဲ၌ အကျဉ်းချထားခြင်းခံရသော အီဂျစ်ဘုရင်၏ဖလားတော်ဝန်နှင့်စားတော်ဝန်နှစ်ယောက်တို့သည် အနက်ကိုယ်စီရှိသောအိပ်မက်ကို တစ်ညတည်း၌ အိပ်မက်မက်ကြ၏။
ထို့ကြောင့် ယောသပ်သည် မိမိသခင့်အိမ်၌ မိမိနှင့်အတူအကျဉ်းချခံနေရသော ဖာရောမင်းကြီး၏မင်းမှုထမ်းတို့အား “ယနေ့ အဘယ်ကြောင့်မျက်နှာညှိုးငယ်နေကြသနည်း”ဟု မေး၏။
သူတို့ကလည်း “ငါတို့သည် အိပ်မက်မက်ကြ၏။ သို့သော် အိပ်မက်၏အနက်ကိုဖွင့်ပြနိုင်သောသူ တစ်ယောက်မျှမရှိ”ဟု ပြန်ပြောကြ၏။ ယောသပ်ကလည်း “အနက်ဖွင့်ဆိုခြင်းသည် ဘုရားသခင်နှင့်ဆိုင်တော်မူသည်မဟုတ်လော။ သို့ဖြစ်၍ အကျွန်ုပ်အားပြောပြကြပါလော့”ဟု သူတို့အားဆိုလေ၏။
နံနက်ရောက်သောအခါ ဖာရောမင်းကြီးသည် စိတ်မငြိမ်မသက်ဖြစ်လေ၏။ ထို့ကြောင့် လူလွှတ်၍ အီဂျစ်ပြည်ရှိ နတ်ဝိဇ္ဇာဆရာအပေါင်းတို့နှင့် ပညာရှိအပေါင်းတို့ကိုခေါ်ပြီးလျှင် မိမိ၏အိပ်မက်ကို သူတို့အား ပြောပြလေ၏။ သို့သော် ဖာရောမင်းကြီးအတွက် ထိုအိပ်မက်တို့၏အနက်ကိုဖွင့်ပြနိုင်သောသူတစ်ယောက်မျှမရှိ။
အိပ်မက်တစ်ခုကို မြင်မက်၏။ ထိုအိပ်မက်သည် ငါ့ကို ခြောက်လှန့်၏။ သလွန်တော်ပေါ်တွင်လဲလျောင်းနေစဉ် တွေးမိသောအတွေး၊ စိတ်အာရုံတွင် မြင်ရသောအရာတို့က ငါ့ကို ထိတ်လန့်စေ၏။
ထိုအခါ ရှင်ဘုရင်သည် မျက်စိမျက်နှာပျက်၍ တွေးတောထိတ်လန့်လေ၏။ ခါးဆစ်များ ပြုတ်လုမတတ်ဖြစ်၍ ဒူးများလည်း တုန်ရီနေ၏။
ဤသည်ကား အဖြစ်အပျက်အလုံးစုံတည်း။ ငါဒံယေလသည် အတွေးများကြောင့် စိုးရိမ်ထိတ်လန့်ကာ မျက်စိမျက်နှာပျက်လေ၏။ သို့သော် ထိုအဖြစ်အပျက်တို့ကို ငါ့စိတ်ထဲတွင် သိမ်းဆည်းထားလေ၏”ဟု ဆို၏။
ငါဒံယေလသည် ရက်အနည်းငယ်မျှ နာမကျန်းဖြစ်ခဲ့ရ၏။ နေကောင်းပြန်လျှင် ရှင်ဘုရင်၏အမှုတော်ကို ဆက်လက်ထမ်းရွက်၏။ သို့သော် ဤဗျာဒိတ်အာရုံကြောင့် ငါသည် တုန်လှုပ်ချောက်ချားပြီး နားမလည်နိုင်ဘဲရှိနေ၏။