ထိုအခါ သူအိပ်မက်မက်သည်မှာ မြေကြီးပေါ်တွင်လှေကားတစ်စင်းထောင်ထားလျက်ရှိ၍ ၎င်း၏ထိပ်သည် မိုးကောင်းကင်အထိရောက်၏။ ဘုရားသခင်၏ကောင်းကင်တမန်တို့သည် ထိုလှေကားပေါ်တွင် တက်လျက်၊ ဆင်းလျက်ရှိကြ၏။
ကမ္ဘာဦး 37:19 - မြန်မာ့စံမီသမ္မာကျမ်း “ကြည့်ပါ။ အိပ်မက်ဆရာလာနေပြီ။ Common Language Bible သူတို့က``အိပ်မက်ဆရာလာနေပြီ။- Garrad Bible ကြည့် ကြ လော့။ အိပ် မက် ဆ ရာ လာ ပြီ။ Judson Bible ကြည့်လော့။ အိပ်မက်ဆရာလာပြီ။ |
ထိုအခါ သူအိပ်မက်မက်သည်မှာ မြေကြီးပေါ်တွင်လှေကားတစ်စင်းထောင်ထားလျက်ရှိ၍ ၎င်း၏ထိပ်သည် မိုးကောင်းကင်အထိရောက်၏။ ဘုရားသခင်၏ကောင်းကင်တမန်တို့သည် ထိုလှေကားပေါ်တွင် တက်လျက်၊ ဆင်းလျက်ရှိကြ၏။
အစ်ကိုတို့သည် သူ့ကိုမနာလိုဖြစ်ကြ၏။ ဖခင်မူကား ထိုအကြောင်းအရာကို စိတ်နှလုံးထဲ၌မှတ်ကျုံးထားလေ၏။
ယောသပ်သည် အစ်ကိုတို့ထံသို့မရောက်မီ အစ်ကိုတို့သည် သူ့ကို အဝေးမှလှမ်းမြင်၍ သူ့ကိုသတ်ရန်တိုင်ပင်လျက်
လာကြ။ သူ့ကိုသတ်ပြီး တွင်းတစ်ခုခုထဲသို့ပစ်ချလိုက်ကြစို့။ ‘သားရဲတိရစ္ဆာန်သည် သူ့ကိုကိုက်စားပြီ’ဟု ငါတို့ပြောကြမည်။ ထိုအခါ သူ၏အိပ်မက်မည်သို့ဖြစ်လာမည်ကို ငါတို့ကြည့်ကြမည်”ဟု အချင်းချင်းပြောဆိုကြ၏။
ယောသပ်သည် အိပ်မက်မက်၍ သူ့အစ်ကိုတို့အားပြောပြသောအခါ သူတို့သည် သူ့ကိုပို၍ပင်မုန်းကြ၏။