ကောင်းကင်နှင့်မြေကြီး၏ဘုရားသခင်ထာဝရဘုရားကိုတိုင်တည်၍ သင်သည် ငါနေထိုင်လျက်ရှိသောအရပ်မှ ခါနာန်အမျိုးသမီးများထဲတွင် ငါ့သားအတွက် မိန်းမကိုမရှာဘဲ
ကမ္ဘာဦး 28:8 - မြန်မာ့စံမီသမ္မာကျမ်း ဖခင်ဣဇက်သည် ခါနာန်အမျိုးသမီးတို့အား မနှစ်မြို့သည်ကိုလည်း ဧသောသိမြင်လေ၏။ Common Language Bible ဧသောသည်ခါနာန်အမျိုးသမီးများကို ဖခင်ဣဇာက်မနှစ်သက်ကြောင်းသိရသဖြင့်၊- Garrad Bible ခါ နာန် အ မျိုး သ မီး တို့ အား အ ဘ ဣ ဇာက် မ နှစ် သက် ကြောင်း ကို လည်း ကောင်း၊ ဧ သော သိ မြင် လျှင်၊ Judson Bible ခါနာန်အမျိုးသမီးတို့ကို အဘဣဇာက် မနှစ်သက်ကြောင်းကိုလည်းကောင်း၊ ဧသောသိမြင်လျှင်၊ |
ကောင်းကင်နှင့်မြေကြီး၏ဘုရားသခင်ထာဝရဘုရားကိုတိုင်တည်၍ သင်သည် ငါနေထိုင်လျက်ရှိသောအရပ်မှ ခါနာန်အမျိုးသမီးများထဲတွင် ငါ့သားအတွက် မိန်းမကိုမရှာဘဲ
ထို့နောက် ရေဗက္ကာက ဣဇက်အား “အကျွန်ုပ်သည် ဟေသအမျိုးသမီးတို့ကြောင့် အသက်ရှင်ရသည်ကိုပင် ငြီးငွေ့ပါပြီ။ ဤပြည်ရှိအမျိုးသမီးကဲ့သို့သော ဟေသအမျိုးသမီးတို့နှင့် ယာကုပ်အိမ်ထောင်ပြုမည်ဆိုလျှင် အကျွန်ုပ်အသက်ရှင်ရသည်မှာ မည်သည့်အကျိုးရှိမည်နည်း”ဟု ဆို၏။
ထိုအခါ ဣဇက်သည် ယာကုပ်ကိုခေါ်၍ “သင်သည် ခါနာန်အမျိုးသမီးနှင့် အိမ်ထောင်မပြုရ။
ယာကုပ်သည် မိခင်နှင့်ဖခင်၏စကားကိုနားထောင်၍ ပါဒန်အာရံပြည်သို့ထွက်ခွာသွားသည်ကိုလည်းကောင်း ဧသောသိမြင်လေ၏။
ဤသို့ “အကျွန်ုပ်တို့ကို စီရင်အုပ်ချုပ်ရန် ရှင်ဘုရင်တစ်ပါးကို တင်မြှောက်ပေးပါလော့”ဟု တောင်းဆိုကြသည်ကို ရှမွေလ ဘဝင်မကျပေ။ သို့ဖြစ်၍ ရှမွေလသည် ထာဝရဘုရားထံဆုတောင်းလေ၏။