ထိုအခါ အာဗြဟံသည် ပျပ်ဝပ်လျက် “အသက်တစ်ရာရှိသောသူသည် သားကိုရနိုင်ပါမည်လော။ အသက်ကိုးဆယ်ရှိသောစာရာသည်လည်း သားဖွားနိုင်ပါမည်လော”ဟု စိတ်ထဲ၌တွေးလျက် ရယ်လေ၏။
ကမ္ဘာဦး 23:1 - မြန်မာ့စံမီသမ္မာကျမ်း စာရာအသက်ရှင်ခဲ့သောနှစ်ကာလမှာ တစ်ရာနှစ်ဆယ့်ခုနစ်နှစ် ဖြစ်၏။ Common Language Bible စာရာသည်အသက်တစ်ရာနှစ်ဆယ့်ခုနစ်နှစ်ရှိသော်၊- Garrad Bible စာ ရာ သည် အ သက် တ ရာ့ နှစ် ဆယ့် ခု နစ် နှစ် အ ရွယ် ရောက် သော်၊ Judson Bible စာရာသည် အသက်တစ်ရာနှစ်ဆယ်ခုနစ်နှစ်ရှိ၏။ ထိုမျှလောက်အသက်ကြီးသော်၊ |
ထိုအခါ အာဗြဟံသည် ပျပ်ဝပ်လျက် “အသက်တစ်ရာရှိသောသူသည် သားကိုရနိုင်ပါမည်လော။ အသက်ကိုးဆယ်ရှိသောစာရာသည်လည်း သားဖွားနိုင်ပါမည်လော”ဟု စိတ်ထဲ၌တွေးလျက် ရယ်လေ၏။
ရုမာအမည်ရှိသော နာခေါ်၏မယားငယ်သည်လည်း တေဘ၊ ဂါဟံ၊ သဟာရှနှင့် မာခါ တို့ကိုမွေးဖွားလေ၏။
စာရာသည် ခါနာန်ပြည်ရှိ ဟေဗြုန် ခေါ် ကိရယအာဘမြို့၌ သေဆုံး၏။ အာဗြဟံသည် စာရာအတွက် ငိုကြွေးမြည်တမ်းရန် လာလေ၏။
ထိုအခါ ဣဇက်သည် ရေဗက္ကာကို မိခင်စာရာ၏တဲထဲသို့ခေါ်ဆောင်သွား၍ သူနှင့်စုံဖက်သဖြင့် ရေဗက္ကာသည် သူ၏မယားဖြစ်လာ၏။ ဣဇက်သည် ရေဗက္ကာကိုချစ်သဖြင့် မိခင်မရှိတော့သည့်နောက်တွင် နှစ်သိမ့်မှုကိုရရှိ၏။