Biblia Todo Logo
Bib sou entènèt

- Piblisite -




Luke 6:21 - TPV-RV (Thamma Pitakadaw)

21 ယခုဆာလောင်ငတ်မွတ်နေသောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ဝပြောခြင်းသို့ ရောက်ကြလိမ့်မည်။ ယခုငိုကြွေးနေကြသောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ရယ်မောကြရလိမ့်မည်။

Gade chapit la Kopi




Luke 6:21
56 Referans Kwoze  

သူသည် ဆာလောင်ငတ်မွတ်နေသောသူတို့ကို သူတို့လိုအပ်သည့်အရာတို့ဖြင့် ကျေနပ်နှစ်သိမ့်စေ၍ ကြွယ်ဝချမ်းသာသောသူတို့ကိုမူကား လက်ချည်းဗလာ စေလွှတ်တော်မူ၏။


ယခုတွင် ဝလင်စွာ စားသောက်နေထိုင်ရသောသင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ဆာလောင်မွတ်သိပ်မှုကို ကြုံရလိမ့်မည်။ ယခုတွင် ရယ်မောနေသောသင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ဝမ်းနည်းပူဆွေးလျှက် ငိုကြွေးကြရလိမ့်မည်။


ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့ထံ မျက်နှာမူလျှက် သူတို့အား “ယခုဆင်းရဲချို့တဲ့သောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ဘုရားရှင်၏သာသနာတော်သည် သင်တို့အတွက်ဖြစ်၏။


လူ့သားတော်ကြောင့် သင်တို့ကို မုန်းတီးသောအခါ၌လည်းကောင်း၊ ပစ်ပယ်ခံရသောအခါ၌လည်းကောင်း၊ စော်ကားပြောဆိုခံရပြီး ရိုင်းစိုင်းစွာပြောဆိုခြင်း ခံရလျှင်လည်းကောင်း သင်တို့သည် မင်္ဂလာရှိကြ၏။


Swiv nou:

Piblisite


Piblisite