Biblia Todo Logo
Bib sou entènèt

- Piblisite -




Luke 5:30 - TPV-RV (Thamma Pitakadaw)

30 ထိုအခါ ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများက ကိုယ်တော်၏တပည့်တော်များအား “သင်တို့သည် အဘယ်ကြောင့် ဤအခွန်ကောက်သူများ၊ အပြစ်ဒုစရိုက်သားများဟု ငါတို့သတ်မှတ်ထားသူများနှင့်အတူတကွ စားသောက်နေကြသနည်း” ဟုစောဒကတက်ကြလေ၏။

Gade chapit la Kopi




Luke 5:30
16 Referans Kwoze  

ထိုအခြင်း အရာကိုမြင်သောသူတို့က “ဒီဇက္ခဲဟာ ဒုစရိုက်အပြစ်သမား တစ်ယောက်ပဲ၊ ဒါတောင်ကိုယ်တော်က သူ့အိမ်ကိုသွားပြီး သူနဲ့အတူစားသောက်ဦးမယ်”ဟူ၍ ဝေဖန်ကြလေသည်။


ထိုအခါ ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများသည် “ဤသူသည် မိမိကိုယ်ကို မည်သူဟုထင်၍ ဤကဲ့သို့သော ဘုရားရှင်ကို စော်ကားသည့်စကားမျိုးကို ဆိုရသနည်း။ သူ့ကိုယ်သူ ဘုရားရှင်ဟုထင်နေသလော။ အကြောင်းမူကား ဘုရားရှင်မှလွဲ၍ အပြစ်များကို ခွင့်လွှတ်နိုင်သူဟူ၍ အဘယ်သူမျှမရှိ” ဟုတွေးတောကြလေ၏။


တစ်နေ့သ၌ ကိုယ်တော်သည် ဟောပြောသွန်သင်တော်မူနေစဉ် ဂါလိလဲပြည်နှင့် ယုဒပြည်တို့ရှိ ကျေးရွာအပေါင်းတို့မှလည်းကောင်း၊ ဂျေရုဆလင်မြို့မှလည်းကောင်း ရောက်လာကြသော ဖာရိရှဲuများနှင့် ကျမ်းတတ်ဆရာများသည်လည်း အနီးအပါး၌ ထိုင်လျှက်ရှိကြ၏။ ထိုအချိန်၌ ဘုရားရှင်သည်လည်း ကိုယ်တော်အား လူတို့၏အနာရောဂါများ ပျောက်ကင်းစေခြင်းငှာ တန်ခိုးတော်ကို ပေးအပ်ထားတော်မူသဖြင့်


ဖာရိရှဲသည် မတ်တပ်ရပ်၍ “ဘုရားရှင် တပည့် တော်သည် ဘောဘမကြီးပါ။ အခြားသူ ကဲ့သို့ သူတစ်ပါး အိမ်ယာကိုလည်း ကျူးလွန်ခြင်းမရှိပါ။ ဟိုနေရာတွင်ရပ်နေ သောအခွန်ကောက်သူ ကဲ့သို့လည်း အပြစ်များ ကျူးလွန် ခြင်းမရှိသဖြင့် အမှန်ပင်ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါသည်။


ထိုအခါ ကိုယ်တော်ကိုပင့်ဖိတ်သောဖာရိရှဲသည် မြင်သဖြင့် “ဤသူသည် အရိယာသူတော်စင်မှန်ပါက သူ့ကိုတို့ထိနေသူ အမျိုးသမီးသည် မည်သို့သောမိန်းမမျိုး ဖြစ်သည်ကို သိသင့်သည်။ အကြောင်းမူကား ဤအမျိုးသမီးသည် အပြစ်များသောသူဖြစ်၏” ဟုမိမိစိတ်ထဲ၌ တွေးတောလေ၏။


ထိုသို့ပင် လူ့သားတော်သည် စားသောက်လျက်နေသောအခါ သင်တို့က ‘ဤသူသည် အစားအသောက်ကျူးသူဖြစ်ကာ အခွန်ကောက်သူများ၊ အပြစ်ဒုစရိုက်သားများနှင့် အပေါင်းအသင်းဖွဲ့နေ၏’ ဟုဆိုကြပြန်၏။


Swiv nou:

Piblisite


Piblisite