Biblia Todo Logo
Bib sou entènèt

- Piblisite -




Luke 4:34 - TPV-RV (Thamma Pitakadaw)

34 “နာဇရက်မြို့သား ယေရှု၊ အသင် ကျွန်ုပ်တို့ကို မည်သို့ပြုမည်နည်း။ ကျွန်ုပ်တို့ကို ဖျက်ဆီးဖို့လာသလော။ သင်မည်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏။ သင်သည် ဘုရားရှင်ထံတော်မှလာသော မြင့်မြတ်သောသူဖြစ်ပါ၏” ဟုကျယ်လောင်သောအသံဖြင့် အော်ဟစ်ပြောဆိုလေ၏။

Gade chapit la Kopi




Luke 4:34
22 Referans Kwoze  

မကောင်းဆိုးဝါးတို့သည်လည်း လူနာများထံမှ ထွက်လာကြပြီး “အသင်သည် ဘုရားရှင်၏သားတော်ဖြစ်တော်မူ၏” ဟုအော်ဟစ်ကြ၏။ ကိုယ်တော်ယေရှုသည် ကယ်တင်ရှင်မေရှိယဖြစ်သည်ကို ထိုမကောင်းဆိုးဝါးတို့သိကြသောကြောင့် ကိုယ်တော်က သူတို့ကို ဆုံးမ၍ စကားပြောဆိုခွင့်ပေးတော်မမူ။


နတ်ဒေဝါကလည်း “ဉာဏ်အလင်းတော်သည် သင့်ထံသို့ ဆင်းသက်၍ ဘုရားရှင်၏ဘုန်းတန်ခိုးတော်သည်လည်း သင့်အပေါ်၌ လွှမ်းခြုံလိမ့်မည်။ ဤကဲ့သို့ မွေးဖွားလာမည့် မြင့်မြတ်သောကလေးငယ်သည်လည်း ဘုရားရှင်၏သားတော်ဟု ခေါ်ဝေါ်ခြင်းခံရမည်။


ထိုအခါ ဂါရစမြို့ဝန်းကျင်မှ လာသောလူတိုင်းသည် အလွန်ကြောက်ရွံ့သွားကြသဖြင့် ကိုယ်တော်အား ထိုအရပ်မှ ထွက်ခွာသွားပါရန် တောင်းဆိုကြသောကြောင့် ကိုယ်တော်လည်း တပည့်တော်များနှင့်အတူ လှေဖြင့် ထိုအရပ်မှထွက်ခွာလေ၏။


ထိုသူသည် ကိုယ်တော့်ကို မြင်တွေ့သောအခါ ရှေ့တွင် ကျိုးနွံစွာ ဒူးထောက်လိုက်ပြီး ကျယ်လောင်သောအသံဖြင့် “ဘုရားရှင်၏သားတော်ယေရှု၊ ကျွန်ုပ်ထံမှ မည်သည်ကိုအလိုရှိပါသနည်း။ အကျွန်ုပ်ကို နှိပ်စက်ခြင်းမပြုပါရန် ကိုယ်တော်ကို အကျွန်ုပ်တောင်းပန်ပါ၏” ဟုအော်ဟစ်၍လျှောက်တင်လေ၏။


ထိုဓမ္မာရုံထဲတွင် မကောင်းဆိုးဝါးပူးကပ်နေသော လူတစ်ဦးရှိလေသည်။ ထိုသူက ကိုယ်တော်အား


Swiv nou:

Piblisite


Piblisite