Biblia Todo Logo
Bib sou entènèt

- Piblisite -




Luke 20:14 - TPV-RV (Thamma Pitakadaw)

14 ခြံငှားများက “ဒီသားဟာ တစ်နေ့ခြံပိုင်ရှင် ဖြစ်လာမယ်။ ငါတို့ဒီခြံကိုအပိုင်ရအောင် သူ့ကိုသတ်လိုက် ကြစို့” ဟု ဆို၍ခြံအပြင်ဘက်သို့ ဆွဲခေါ်ပြီး သတ်ပစ် လိုက်ကြသည်။

Gade chapit la Kopi




Luke 20:14
20 Referans Kwoze  

ပရောဟိတ်များနှင့် မောရှေကျမ်းတတ်ဆရာများသည် ကိုယ်တော်ယေရှုကို သတ်ရန်ကြံစည်နေကြသည်။ လူထု ပရိသတ်အခြေအနေကိုလည်း သူတို့ သတိပြုနေရသေး သည်။


နားထောင်နေသော ဘာသာရေးခေါင်းဆောင်များ၊ မောရှေကျမ်းတတ်ဆရာများ က ကိုယ်တော်သည် သူတို့အကြောင်းကို ဤပုံပြင်အားဖြင့် ဖော်ပြနေသည်ကို သိရှိသွားကြသည်။ သူတို့သည် ကိုယ်တော်ကို ချက်ချင်းဖမ်းဆီးလိုကြသည်။ သို့သော် လည်း လူထုကိုကြောက်လန့် နေရ၍ဖြစ်သည်။


သူတို့သည် “ဘုရားက ‘ယောဟန်’ကို ဒီအခွင့်အရေး ပေးထားတယ်ဆိုရင် ဘာကြောင့်ယောဟန် ကိုမယုံတာလဲဟု‘ယေရှု’က မေးလိမ့်မည်။


ကိုယ်တော်သည်ရက်အတန်ကြာ နေ့စဉ် တရားတော်များဟောကြားခဲ့သည်။ထို့ကြောင့် ပရောဟိတ် များ၊ မောရှေကျမ်းတတ်ဆရာများနှင့် အခြားအရေးပါအရာ ရောက်သူ ယုဒခေါင်းဆောင်များက ကိုယ်တော်ကို သတ် ပစ်ရန် ကြိုးပမ်းနေခဲ့ကြသည်။


ပိုင်ရှင်သည် “ငါဘာလုပ်ရမလဲ၊ ဆိုတာသိပြီ ငါ့ရဲ့ အချစ်ဆုံး တစ်ဦးတည်းသောသားကို လွှတ်လိုက်မယ်။ သူတို့ ငါ့သားကိုဆိုရင် လေးစားကြမှာအမှန်ပဲ”ဟု တစ်ဦး တည်း ကိုယ့်ကိုကိုယ် ရေရွတ်ပြီးလျှင် သားအားလွှတ်လိုက် လေသည်။


ဤအခြေအနေတွင် ခြံပိုင်ရှင်မည်သို့ ဆက်လုပ်မည်နည်း”ဟု ကိုယ်တော်ကပရိသတ်တို့ကို မေး လေသည်။ ထိုအဖြေကိုကိုယ်တော်ကပင် ဤသို့ပြောပြလေ သည်။


Swiv nou:

Piblisite


Piblisite