Biblia Todo Logo
Bib sou entènèt

- Piblisite -




Luke 18:9 - TPV-RV (Thamma Pitakadaw)

9 အခြားပုဂ္ဂိုလ်များထက် မိမိတို့ကမြင့်မြတ်သည်ဟု လည်းကောင်း၊သူတစ်ပါးတို့အား အထင်သေးစရာအဖြစ် ထင်မြင်ယူဆတတ်သော သူတို့ကို ကိုယ်တော်က ဤသို့ ဆုံးမစကား ပြောဆိုလိုက်လေသည်။

Gade chapit la Kopi




Luke 18:9
22 Referans Kwoze  

ဖာရိရှဲများသည် မိမိကိုယ်ကို သူတော်ကောင်းကဲ့သို့ နေထိုင်ကြသည်။ သို့သော် ဘုရားရှင်သည် သူတို့၏အတွင်း စိတ်နှလုံးသားကိုသိရှိတော်မူ၏။ များစွာသော လူတို့က အရေးအကြီးဆုံး၊ တန်ဖိုးအကြီးဆုံးဟု ထင်နေသောအရာ များသည် ဘုရားရှင်ရှေ့တော်မှောက်တွင် ရွံ့ရှာစက်ဆုပ် ဖွယ်ကောင်းသောအရာများသာဖြစ်ကြသည်။


ထိုအခါ ကိုယ်တော်ကိုပင့်ဖိတ်သောဖာရိရှဲသည် မြင်သဖြင့် “ဤသူသည် အရိယာသူတော်စင်မှန်ပါက သူ့ကိုတို့ထိနေသူ အမျိုးသမီးသည် မည်သို့သောမိန်းမမျိုး ဖြစ်သည်ကို သိသင့်သည်။ အကြောင်းမူကား ဤအမျိုးသမီးသည် အပြစ်များသောသူဖြစ်၏” ဟုမိမိစိတ်ထဲ၌ တွေးတောလေ၏။


ထိုအခြင်း အရာကိုမြင်သောသူတို့က “ဒီဇက္ခဲဟာ ဒုစရိုက်အပြစ်သမား တစ်ယောက်ပဲ၊ ဒါတောင်ကိုယ်တော်က သူ့အိမ်ကိုသွားပြီး သူနဲ့အတူစားသောက်ဦးမယ်”ဟူ၍ ဝေဖန်ကြလေသည်။


ဖာရိရှဲသည် မတ်တပ်ရပ်၍ “ဘုရားရှင် တပည့် တော်သည် ဘောဘမကြီးပါ။ အခြားသူ ကဲ့သို့ သူတစ်ပါး အိမ်ယာကိုလည်း ကျူးလွန်ခြင်းမရှိပါ။ ဟိုနေရာတွင်ရပ်နေ သောအခွန်ကောက်သူ ကဲ့သို့လည်း အပြစ်များ ကျူးလွန် ခြင်းမရှိသဖြင့် အမှန်ပင်ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါသည်။


ထို့ကြောင့် ဖာရိရှဲများနှင့် မောရှေ ပညတ်ကျမ်းတတ်ပုဂ္ဂိုလ်တို့သည် “ဒီလူဟာ ဒုစရိုက် အပြစ် သားတွေနဲ့ အရောရောအနှောနှော နေယုံတင်မကဘဲ အတူတူစားသောက်ပြီး တောင်နေလိုက်သေးတယ်” ဟု ဝေဖန်ပြစ်တင်ကြလေ၏။


သို့သော်ထိုပုဂ္ဂိုလ်က"ကျွန်ုပ်တို့၏အိမ်နီးချင်းဆိုတာဘယ်သူတွေလဲ"ဟုမေးလိုက်၏။သူသည်သူပြောသည့်အကြောင်းအရာတို့ကို ကိုယ်တိုင်သိလို၍ မေးလိုက်ခြင်းဖြစ်ပါသည်။


Swiv nou:

Piblisite


Piblisite