Biblia Todo Logo
Bib sou entènèt

- Piblisite -




Luke 15:28 - TPV-RV (Thamma Pitakadaw)

28 သားကြီးသည် စိတ်ဆိုးလျှက် အိမ်ထဲသို့ မဝင်ဘဲနေလေ သည်။ ဖခင်သည် အပြင်သို့ထွက်လာပြီး သားကြီးအား အိမ်ထဲသို့ဝင်ရန် ဖျောင်းဖျလေသည်။

Gade chapit la Kopi




Luke 15:28
25 Referans Kwoze  

ထို့ကြောင့် ဖာရိရှဲများနှင့် မောရှေ ပညတ်ကျမ်းတတ်ပုဂ္ဂိုလ်တို့သည် “ဒီလူဟာ ဒုစရိုက် အပြစ် သားတွေနဲ့ အရောရောအနှောနှော နေယုံတင်မကဘဲ အတူတူစားသောက်ပြီး တောင်နေလိုက်သေးတယ်” ဟု ဝေဖန်ပြစ်တင်ကြလေ၏။


ထိုအခါ ကိုယ်တော်ကိုပင့်ဖိတ်သောဖာရိရှဲသည် မြင်သဖြင့် “ဤသူသည် အရိယာသူတော်စင်မှန်ပါက သူ့ကိုတို့ထိနေသူ အမျိုးသမီးသည် မည်သို့သောမိန်းမမျိုး ဖြစ်သည်ကို သိသင့်သည်။ အကြောင်းမူကား ဤအမျိုးသမီးသည် အပြစ်များသောသူဖြစ်၏” ဟုမိမိစိတ်ထဲ၌ တွေးတောလေ၏။


တပည့် တော်တို့သည် နိုင်ငံတိုင်းမှလူတို့အား ခွင့်လွှတ်ခြင်းခံရရန် အတွက် ကိုယ်တော်ယေရှု၏ နာမတော်ဖြင့် ဘုရားကို ဆည်းကပ်ကြရန် ဟောကြားမည်ဖြစ်သည်။


အို ယေရုရှလင်၊သင့်မြို့သားတွေသည်ပညာရှိသူတော် ကောင်းများကို သတ်ဖြတ်လာခဲ့ကြ၏၊ ဘုရားရှင်၏ တမန်တော်များကိုလည်း ခဲနှင့်ပေါက်ခဲ့ကြသည်၊ ကြက်မ သည်ကြက်ကလေးများကို သူရဲ့အတောင်ပံ အောက်မှာ အုပ်ထားသကဲ့သို့ ငါသည်လည်း သင်၏သားသမီးများ ကို ရင်အုပ်မကွာစောင့်ရှောက်လို၍ အကြိမ်ကြိမ်ကြိုးစားခဲ့ လေပြီ။


ထိုအခါ ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများက ကိုယ်တော်၏တပည့်တော်များအား “သင်တို့သည် အဘယ်ကြောင့် ဤအခွန်ကောက်သူများ၊ အပြစ်ဒုစရိုက်သားများဟု ငါတို့သတ်မှတ်ထားသူများနှင့်အတူတကွ စားသောက်နေကြသနည်း” ဟုစောဒကတက်ကြလေ၏။


ထိုအစေခံက “အရှင် ၏ညီဟာ ဘေးကင်းလုံခြုံစွာနဲ့ ပြန်ရောက် လာတဲ့အတွက် အရှင့်ရဲ့ဖခင်ဟာ နွားပျိုတစ်ကောင်ကို ပေါ်လိုက်ပြီး ပျော်ပွဲ ရွှင်ပွဲ ကျင်းပနေခြင်းဖြစ်ပါတယ်” ဟု ပြောလိုက်ရာ


သို့သော်သူက သူ့ဖခင်အား“ကျွန်တော်ဟာ နှစ်ပေါင်းများစွာ အစေခံ တစ်ဦးကဲ့သို့ အဖေ့ကိုလုပ်ကျွေးခဲ့ပါတယ်။ အဖေ့ စကားကို လည်း မြေဝယ်မကျနာခံခဲ့ပါတယ်။သို့သော် အဖေက ကျွန် တော့်အတွက် သူငယ်ချင်းများနဲ့ပျော်ပွဲစားဖို့ ဆိတ်ကလေး တစ်ကောင်ကိုတောင်မပေးခဲ့ပါ။


Swiv nou:

Piblisite


Piblisite