35 ထိုဆားသည် မြေဩဇာအတွက် လည်း အသုံးမဝင်တော့ပေ။ ထို့ကြောင့် ထိုဆားကို လူတို့ လွှင့်ပစ်လိုက်ကြမည်။ နားရှိသောသူများ အာရုံစိုက်နား ထောင်ကြပါ။
ကိုယ်တော်ယေရှု၏ ဆောင်ရွက်ခြင်းကို လူတိုင်းအံ့ဩ နေကြစဉ် ကိုယ်တော်သည် သူ၏တပည့်တော်များအား “ကိုယ်တော် သင်တို့အားပြောပြနေသည်များကို ဂရုတစိုက် အာရုံစိုက်ပေးကြပါ။'လူ့သားတော်'ကိုသူ၏ရန်သူများလက်ထဲသို့အပ်ကြတော့မည်”
အချို့သောမျိုးစေ့တို့မှာမူကား ကောင်းမွန်သောမြေဆီလွှာပေါ်တွင် ကျသဖြင့် အပင်များပေါက်လာကာ သီးနှံများအဆတစ်ရာမျှ ဖြစ်ထွန်းတတ်ကြ၏” ဟုမိန့်တော်မူလေ၏။ ထိုသို့မိန့်တော်မူပြီးနောက် ကိုယ်တော်က “နားရှိ၍ ကြားနာနိုင်သောသူတို့၊ အာရုံစိုက်၍ နားထောင်ကြလော့” ဟု ကြွေးကြော်တော်မူ၏။
ဉယျာဉ်မှူးကလည်း“ထိုအပင်အား နောက်တစ်နှစ်လောက် ထားပါ၊ ကျွန်ုပ်ဒီအပင်ပတ်လည်တစ်ဝိုက်ကမြေကြီးကို တူးဆွ၍ မြေဩဇာထည့်ပါအုံးမည်။