Biblia Todo Logo
Bib sou entènèt

- Piblisite -




Luke 13:11 - TPV-RV (Thamma Pitakadaw)

11 မကောင်းဆိုးဝါး ပြုစားခံရ၍ တစ်ဆယ့်ရှစ်နှစ်ကြာ မသန်မစွမ်းဖြစ်နေသော အမျိုးသမီးတစ်ဦးရှိနေ၏။ သူမသည် ခါးကိုမတ်မတ် မဆန့် နိုင်ဘဲ ခါးအလွန်ကုန်းနေ၏။

Gade chapit la Kopi




Luke 13:11
20 Referans Kwoze  

ထိုသို့သွားရာ၌ အနာရောဂါ ပျောက်ကင်းစေခြင်းခံခဲ့ရသူများနှင့် မကောင်းဆိုးဝါးပူးကပ်ခြင်းမှ ပျောက်ကင်းစေခဲ့ဖူးသော အမျိုးသမီးအချို့လည်း ကိုယ်တော်နှင့်အတူ လိုက်ပါလာကြ၏။ ထိုအမျိုးသမီးတို့တွင် မကောင်းဆိုးဝါးခုနစ်ကောင် ထွက်ခဲ့သော မာဂဒလရွာသူ မာရိ၊


ဤအမျိုးသမီးသည် အာဗြဟံ၏ သမီးဖြစ်သော်လည်း တစ်ဆယ့်ရှစ်နှစ်ပတ်လုံး မာရ်နတ်၏ အနှောင်အဖွဲ့ကို ခံခဲ့ ရ၏။ ထိုသူအား ဉပုသ်နေ့၌ ထိုအနှောင်အဖွဲ့မှ လွှတ်မပေး သင့်ဘူးလားဟု မေးတော်မူလေ၏။


ထိုနေရာသို့ရောက်၍ ကိုယ်တော်သည် ကမ်းပေါ်သို့တက်သောအခါ ထိုမြို့မှ မကောင်းဆိုးဝါးပူးကပ်နေသူတစ်ဦးသည် ကိုယ်တော့်အား လာရောက်တွေ့ဆုံလေ၏။ သူ့တွင် မကောင်းဆိုးဝါးပူးကပ်နေသည်မှာ အချိန်ကာလကြာမြင့်ခဲ့ပြီဖြစ်၍ သူသည် အိမ်၌လည်းမနေ၊ အဝတ်အစားလည်းမဝတ်ဘဲ သင်္ချိုင်းဂူများကြားတွင်သာ လှည့်လည်နေထိုင်လေ၏။


ထိုလူအစုအဝေးထဲတွင် တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲကပ်နေသော အမျိုးသမီးတစ်ဦးသည်လည်း ရှိနေလေ၏။ သူမသည် ရှိသမျှငွေအကုန်ခံ၍ ဆေးဆရာများစွာတို့နှင့် ကုသသော်လည်း မည်သူမျှ သူမ၏ရောဂါအား ပျောက်ကင်းအောင် ကုသနိုင်ခြင်းမရှိခဲ့ပေ။


ထိုအမျိုးသမီးကို ကိုယ် တော် တွေ့သောအခါ သူမကို လှမ်းခေါ်လိုက်ပြီး “သင်ယခု အချိန်မှစ၍ အကောင်းပကတိဖြစ်ပြီ” ဟူ၍ မိန့်တော်မူ လိုက်ပြီး


ဤအရာအားလုံးကို မြင်ကြရလျှင် သင်တို့အား ကယ်တင်တော်မူမည့်အချိန် ရောက်လာပြီဖြစ်၍ ရဲရင့်စွာ မတ်တတ်ရပ်လိုက်ကြပါ။ သင်တို့သည် အလျှင်အမြန် လွှတ်မြောက်ကြပါတော့မည်။” ဟုမိန့်တော်မူလေသည်။


Swiv nou:

Piblisite


Piblisite