Biblia Todo Logo
Bib sou entènèt

- Piblisite -




Luke 9:7 - Musselmani Burmese

7 ထိုအချိန်၌ ဂါလိလဲပြည်ကို အုပ်ချုပ်သူဟေရုဒ်သည် ကိုယ်တော်ပြုတော်မူသမျှတို့ကို ကြားသိသောအခါ စိုးရိမ်ပူပန်လာလေ၏။ အဘယ်ကြောင့်ဆိုသော် လူတစ်ချို့က “ရေနှစ်မင်္ဂလာဆရာယောဟန် အသက်ပြန်ရှင်လာပြီ” ဟူ၍လည်းကောင်း၊

Gade chapit la Kopi




Luke 9:7
13 Referans Kwoze  

ထိုအခါ တပည့်တော်တို့က “လူအချို့က ကိုယ်တော့်ကို ရေနှစ်မင်္ဂလာဆရာယောဟန်ဟုဆိုကြ၏။ အချို့က အရိယာသူတော်စင်ဧလိယဟုလည်း ဆိုကြ၏။ ကျန်အချို့ကမူ ရှေးယခင်ကရှိခဲ့သော အရိယာသူတော်စင်တစ်ပါး အသက်ပြန်ရှင်လာခြင်းဖြစ်သည်ဟူ၍လည်း ဆိုကြပါ၏” ဟုလျှောက်တင်ကြလေ၏။


ရောမဧကရာဇ်တိဗေရိ၏နန်းသက် တစ်ဆယ့်ငါးနှစ်ရှိချိန်၌ ပုန္တိပိလတ်သည် ယုဒပြည်၏ဘုရင်ခံဖြစ်ပြီး၊ ဟေရုဒ်အန္တိပသည် ဂါလိလဲပြည်ကို အုပ်ချုပ်သူဖြစ်၏။ ဟေရုဒ်အန္တိပ၏ညီ ဖိလိပ္ပုသည် ဣတုရဲပြည်နှင့် တရာခေါနိတ်ပြည်တို့ကိုလည်းကောင်း၊ လုသာနိသည် အဘိလင်ပြည်ကိုလည်းကောင်း အုပ်ချုပ်သူများဖြစ်ကြပြီး


ထို့နောက် ကိုယ်တော်က “နေ၊ လနှင့် ကြယ်တာရာတို့၌ ထူးခြားသောနိမိတ်လက္ခဏာများ ဖြစ်ပေါ်လာလိမ့်မည်။ ပင်လယ်၊ သမုဒ္ဒရာတို့၏လှိုင်းတံပိုးသံများကြောင့် ကမ္ဘာပေါ်ရှိ လူတိုင်းသည်လည်း စိုးရိမ်ကြောင့်ကြကြ၍ မည်သို့ပြုရမည်မှန်းမသိအောင် ကြောက်ရွံ့နေကြရလိမ့်မည်။


ထိုအချိန်၌ ကိုယ်တော်ယေရှုထံသို့ ဖာရိရှဲအချို့ ရောက်ရှိလာပြီး “ဟေရုဒ်သည် အသင့်ကို သတ်ဖို့အလိုရှိနေသဖြင့် ဤအရပ်ဒေသမှ အဝေးသို့ ထွက်သွားပါ” ဟုဆိုကြ၏။


ဟေရုဒ်အုပ်စိုးသော ဂါလိလဲနယ်မှဖြစ်ကြောင်း သိသောအခါ ထိုအချိန်၌ ဂျေရုဆလင်မြို့တွင် ရောက်ရှိနေသော ဘုရင်ခံဟေရုဒ်ထံသို့ ကိုယ်တော်ယေရှုကို ပို့လိုက်လေ၏။


Swiv nou:

Piblisite


Piblisite