Biblia Todo Logo
Bib sou entènèt

- Piblisite -




Luke 9:5 - Musselmani Burmese

5 အကယ်၍ သင်တို့ကို လက်ခံမကြိုဆိုသောအိမ်ကိုမူကား သင်တို့ထိုအရပ်မှ ထွက်ခွာသောအခါ၌ သူတို့ကို သတိပေးသည့်အနေဖြင့် သင်တို့ခြေထောက်က ဖုန်မှုန့်ကို ခါချခဲ့ကြလော့” ဟုမိန့်မှာတော်မူ၏။

Gade chapit la Kopi




Luke 9:5
13 Referans Kwoze  

ထို့နောက် ကိုယ်တော်က တပည့်တော်တို့အား “တပည့်တော်တို့၊ သင်တို့၏စကားကို နားထောင်လက်ခံသောသူသည် ငါ့စကားကို နားထောင်လက်ခံသကဲ့သို့ပင်ဖြစ်၏။ သင်တို့ကို ငြင်းပယ်သောသူသည်ကား ငါ့ကို ငြင်းပယ်သူဖြစ်၏။ ငါ့ကိုငြင်းပယ်သောသူဆိုသည်ကား ငါ့ကိုစေလွှတ်တော်မူသော ဘုရားရှင်ကို ငြင်းပယ်သောသူဖြစ်၏” ဟုမိန့်တော်မူလေ၏။


တပည့်တော်တို့အား “မည်သူမဆို ဤကလေးငယ်ကို ငါ၏နာမ၌ လက်ခံသောသူသည် ငါ့ကိုလက်ခံခြင်းဖြစ်၏။ ငါ့ကိုလက်ခံသောသူသည် ငါ့ကို စေလွှတ်တော်မူသောအရှင်ကို လက်ခံသောသူဖြစ်၏။ အကြောင်းမူကား သင်တို့အားလုံးတွင် အငယ်ဆုံးသောသူသည် အကြီးမြတ်ဆုံးသောသူဖြစ်၏” ဟုမိန့်တော်မူလေ၏။


ထို့နောက် ကိုယ်တော်က သူ့အား ဤကဲ့သို့ရောဂါပျောက်ကင်းသွားသည်ကို မည်သူ့ကိုမျှ မပြောပြရန် မိန့်မှာပြီးနောက် “ပုရောဟိတ်ထံသို့ သွားကာ သင့်ခန္ဓာကိုယ်ကို ပြသလော့။ ပြီးလျှင် သင်၏ရောဂါပျောက်ကင်းမှုကို လူတို့၌ သက်သေဖြစ်စေရန် မောရှေပညတ်ကျမ်းတွင် ဖော်ပြထားသည့်အတိုင်း ပူဇော်ခြင်းအမှုကို ဆောင်ရွက်လော့” ဟုမိန့်တော်မူ၏။


မည်သည့်အိမ်မဆို သင်တို့ကို လက်ခံကြိုဆိုလျှင် ထိုအရပ်က မထွက်ခွာမချင်း ထိုအိမ်တွင် တည်းခိုကြလော့။


Swiv nou:

Piblisite


Piblisite