Biblia Todo Logo
Bib sou entènèt

- Piblisite -




Luke 9:43 - Musselmani Burmese

43 လူအပေါင်းတို့သည်လည်း ဘုရားရှင်၏တန်ခိုးတော်ကို ဖူးမြင်ကြရ၍ အံ့ဩမဆုံး ဖြစ်နေလေ၏။ ကိုယ်တော် ပြုတော်မူသောအရာအားလုံးကို လူအပေါင်းတို့ အံ့ဩနေကြစဉ် ကိုယ်တော်သည် တပည့်တော်တို့အား

Gade chapit la Kopi




Luke 9:43
14 Referans Kwoze  

ထို့နောက် ကိုယ်တော်က တပည့်တော်များအား “သင်တို့၏ယုံကြည်ခြင်းသည် အဘယ်မှာနည်း” ဟုမေးတော်မူလျှင် သူတို့သည် အံ့ဩတုန်လှုပ်ကြလျက် “ဤသူကား မည်သို့သောသူနည်း။ လှိုင်းလေများကပင် သူ့အမိန့်ကို နာခံကြပါသည်တကား” ဟူ၍ အချင်းချင်းပြောဆိုကြလေ၏။


လူထုပရိသတ်တို့သည်လည်း အံ့သြကြောက်ရွံ့ကြလျှက် “ထူးဆန်းအံ့ဩဖွယ်အမှုအရာတို့ကို ယနေ့ပင် ငါတို့တွေ့မြင်ရလေပြီ” ဟုပြောဆိုကြပြီး ဘုရားရှင်၏ဘုန်းဂုဏ်တော်ကို ချီးမွမ်းကြလေ၏။


ဓမ္မာရုံမှ လူအပေါင်းတို့သည်လည်း အံ့ဩလျက် “ဤသည်ကား မည်သို့သောစကားနည်း။ ဤသူ မောင်းထုတ်လိုက်သည်နှင့် မကောင်းဆိုးဝါးသည် ထွက်ခွာသွားရသည့် အခွင့်အာဏာနှင့် တန်ခိုးများ ဤသူ၌ရှိနေပါသည်တကား” ဟုအချင်းချင်း ပြောဆိုကြကုန်၏။


ဤသို့ဆိုရခြင်းမှာ ရှိမုန်နှင့်တကွ သူ၏အပေါင်းအပါတို့ဖြစ်သော ဇေဗေဒဲ၏သားနှစ်ဦးဖြစ်သူ ယာကုပ်နှင့်ယောဟန်တို့အားလုံးသည် သူတို့ဖမ်းမိသော ငါးအရေအတွက်မှာ များပြားလှသဖြင့် အံ့ဩမဆုံးဖြစ်ကြသောကြောင့်ဖြစ်၏။


ထိုသူငယ်လာနေစဉ်တွင် မကောင်းဆိုးဝါးသည် သူ့အား ဝင်ပူးပြီး တစ်ကိုယ်လုံးကို တုန်လှုပ်စေလေ၏။ ကိုယ်တော်သည် မကောင်းဆိုးဝါးအား ဆုံးမ၍ သူငယ်ကို ကျန်းမာစေပြီးမှ သူ့ဖခင်ထံသို့ ပြန်လည်အပ်နှံလေ၏။


ထိုချက်ချင်းပင် ထိုသူသည် မျက်စိပြန်မြင်ပြီးလျှင် ဘုရားရှင်၏ဂုဏ်တော်ကို ချီးမွမ်းလျှက် ကိုယ်တော်ယေရှု၏နောက်တော်သို့ လိုက်ပါသွားလေ၏။ ထိုအဖြစ်အပျက်ကိုမြင်သော လူပရိသတ်အပေါင်းတို့သည်လည်း ဘုရားရှင်၏ဂုဏ်တော်ကို ချီးမွမ်းကြလေ၏။


Swiv nou:

Piblisite


Piblisite