Biblia Todo Logo
Bib sou entènèt

- Piblisite -




Luke 9:22 - Musselmani Burmese

22 ထို့နောက် ကိုယ်တော်က တပည့်တော်များအား “လူ့သားတော်သည် လူမျိုးအကြီးအကဲများ၊ ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းတတ်ဆရာများ၏ငြင်းပယ်ခြင်းကို ခံရ၍ အသေသတ်ခြင်းကိုခံရပြီး သုံးရက်မြောက်သောနေ့၌ အသက်ပြန်ရှင်တော်မူလိမ့်မည်” ဟုမိန့်တော်မူ၏။

Gade chapit la Kopi




Luke 9:22
24 Referans Kwoze  

လူ့သားတော်သည် အပြစ်ဒုစရိုက်သမားများလက်သို့ အပ်နှံခံရလိမ့်မည်ဖြစ်ပြီး လက်ဝါးကပ်တိုင်ပေါ်တွင် တင်၍ သတ်ဖြတ်ခြင်းကို ခံရလိမ့်မည်။ သို့သော် သူသည် သုံးရက်မြောက်နေ့၌ အသက်ပြန်ရှင်တော်မူလိမ့်မည်’ ဟုမိန့်တော်မူခဲ့သည်မဟုတ်လော” ဟုဆိုကြ၏။


သင်တို့သည် ယခုငါဆိုသည်ကို အာရုံစိုက်၍နားထောင်ကြလော့။ လူ့သားတော်ဖြစ်သည့် ငါသည် ရန်သူများလက်သို့ အပ်နှံခြင်းကို ခံရတော့မည်” ဟုမိန့်တော်မူ၏။


အရိယာသူတော်စင်တို့၏မိန့်မှာချက်တွင် မေရှိယသည် ဒုက္ခဝေဒနာကို ခံစားရ၍ အသေခံရမည်။ ထိုနောက်မှ သူ၏ဘုန်းတန်ခိုးတော်ထင်ရှားပေလိမ့်မည်ဟူ၍ ရှင်းလင်းစွာဖော်ပြခဲ့သည်ကို သင်တို့မသိကြသလော” ဟုမိန့်တော်မူ၏။


သို့သော် သူသည် ထိုအချိန်မတိုင်မီ ပထမဦးစွာ ဒုက္ခဝေဒနာကို ခံစားရ၍ ဤခေတ်လူတို့၏ငြင်းပယ်ခြင်းကို ခံရမည်။


ထို့နောက် ကိုယ်တော်က “မောရှေ၏ပညတ်ကျမ်း၊ အရိယာသူတော်စင်တို့၏ကျမ်းများနှင့် ဆာလံကျမ်းတို့၌ ငါ၏အကြောင်းကို ဖော်ပြထားသည့်အတိုင်း အမှန်တကယ်ဖြစ်လာလိမ့်မည်ဟု သင်တို့အား ငါမိန့်ဆိုခဲ့သည့်အကြောင်းအရာတို့သည် ဤအဖြစ်အပျက်များပင်ဖြစ်ကြ၏” ဟုမိန့်တော်မူ၏။


Swiv nou:

Piblisite


Piblisite