Biblia Todo Logo
Bib sou entènèt

- Piblisite -




Luke 9:11 - Musselmani Burmese

11 ထိုအကြောင်းအရာကို ကြားသိကြသော များစွာသောလူတို့သည် ကိုယ်တော်၏နောက်တော်သို့ လိုက်လာခဲ့ကြလေ၏။ ကိုယ်တော်ကလည်း သူတို့အား ကြိုဆိုကာ ဘုရားရှင်၏သာသနာတော်အကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းဟောကြားပြီး နာမကျန်းသူတို့ကိုလည်း ကျန်းမာစေတော်မူ၏။

Gade chapit la Kopi




Luke 9:11
21 Referans Kwoze  

ထို့နောက် ကိုယ်တော်သည် သူတို့အား ဘုရားရှင်၏သာသနာတော်အကြောင်းကို ဟောပြောရန်နှင့် နာမကျန်းသူများကို ကျန်းမာစေရန်အတွက် စေလွှတ်တော်မူလေ၏။


ထိုအခါ ကိုယ်တော်က “ဘုရားရှင်က သင်တို့အား သာသနာတော်၏လျှို့ဝှက်နက်နဲသော အကြောင်းအရာများကို ကြားသိနိုင်သောအခွင့်ကို ပေးအပ်ထားပြီးဖြစ်၏။ သို့သော် အခြားသူတို့မှာမူကား ကြည့်သော်လည်း မမြင်၊ ကြားသော်လည်း နားမလည်နိုင်ကြသည့်အတွက် သူတို့အား ဤကဲ့သို့ပုံဥပမာများဖြင့် ရှင်းပြရခြင်းဖြစ်၏” ဟုမိန့်ဆိုလေ၏။


အချိန်အတန်ကြာပြီးနောက် ကိုယ်တော်ယေရှုသည် သာဝကတစ်ဆယ့်နှစ်ဦးနှင့်အတူ မြို့ရွာအနှံ့သို့ သွားရောက်ကာ ဘုရားရှင်၏သာသနာတော်အကြောင်းနှင့်ဆိုင်သော မင်္ဂလာသတင်းကောင်းကို ဟောပြောသွန်သင်လေ၏။


ကိုယ်တော်က သူတို့ကို ဖြေကြားသည်မှာ “ကျန်းမာသူသည် ဆေးဆရာကို လိုမည်မဟုတ်။ နာမကျန်းသူသာ ဆေးဆရာကို လိုအပ်၏။


ငတ်မွတ်သောသူတို့အား ကောင်းသောအစားအစာကို ကျွေးမွေး၍ ချမ်းသာကြွယ်ဝသူများကို လက်ချည်းလွှတ်လိုက်တော်မူပြီ။


သာဝကများ ပြန်ရောက်လာကြသောအခါ သူတို့ဆောင်ရွက်ခဲ့သည်များကို ကိုယ်တော်အား လျှောက်တင်ကြ၏။ ထို့နောက် ကိုယ်တော်သည် သူတို့နှင့်အတူ ဗက်ဇဲဒရွာသို့ ကြွတော်မူသဖြင့်


ညနေစောင်းလာသောအခါ သာဝကတစ်ဆယ့်နှစ်ဦးသည် ကိုယ်တော့်ထံသို့ ရောက်ရှိလာပြီး “ကိုယ်တော်၊ ဤအရပ်သည် လူသူကင်းဝေးရာအရပ်ဖြစ်သည့်အတွက် ဤလူအုပ်ကြီးကို အနီးအနားတစ်ဝိုက်ရှိ ကျေးလက်တောရွာများဆီသို့ စေလွှတ်တော်မူပါ။ သူတို့မှာ တည်းခိုဖို့နှင့်အစားအစာများ လိုအပ်ပါ၏” ဟုလျှောက်တင်ကြလေ၏။


Swiv nou:

Piblisite


Piblisite