Biblia Todo Logo
Bib sou entènèt

- Piblisite -




Luke 8:7 - Musselmani Burmese

7 အချို့သောမျိုးစေ့မှာမူ ဆူးချုံပင်များအောက်ကို ကျသဖြင့် အပင်များပေါက်လာသော်လည်း ဆူးချုံပင်များ၏ကာဆီးပိတ်ဆို့ထားခြင်းကို ခံရသဖြင့် သီးနှံဖြစ်ထွန်းခြင်းမရှိကြပေ။

Gade chapit la Kopi




Luke 8:7
11 Referans Kwoze  

ဆူးချုံပင်များအောက်ကို ကျသောမျိုးစေ့ဆိုသည်မှာ ဘုရားရှင်၏နှုတ်ကပတ်တော်များကို ကြားနာကြရသော်လည်း လောကီနှင့်ဆိုင်သောစိုးရိမ်ပူပန်ခြင်းများ၊ စည်းစိမ်ကြွယ်ဝခြင်းနှင့် ကာမဂုဏ်ခံစားခြင်းတို့ဖြင့် ကာဆီးပိတ်ဆို့ခံရသဖြင့် အသီးအနှံမဖြစ်ထွန်းကြပေ။ ထိုသို့အသီးအနှံမဖြစ်ထွန်းသောအပင်သည် လယ်သမားအတွက် အသုံးမဝင်သကဲ့သို့ ထိုသူတို့သည်လည်း ဘုရားရှင်အတွက် အသုံးမဝင်သောသူများဖြစ်ကြ၏။


တဖန် ကိုယ်တော်က “ထို့ကြောင့် စားလိုက်သောက်လိုက်၊ ဘဝအတွက်ပူပင်လိုက်နှင့် သင်တို့၏အချိန်တို့ကို မကုန်ဆုံးစေဖို့ သတိပြုဆင်ခြင်ကြလော့။ ထိုသို့သာ အချိန်ဖြုန်းနေလျှင် နောက်ဆုံးသောနေ့ရက်သည် သင်တို့ထံသို့ ကျော့ကွင်းကဲ့သို့ အမှတ်တမဲ့ရောက်လာလိမ့်မည်။


အချို့သောမျိုးစေ့တို့သည် မြေဆီလွှာနဲပါးသည့် ကျောက်ခံမြေပေါ်တွင် ကျသဖြင့် အပင်များပေါက်လာသော်လည်း အစိုဓါတ်နည်းပါးသောကြောင့် မကြာခင်မှာပင် ညှိုးနွမ်းခြောက်သွေ့သွားတတ်ကြ၏။


အချို့သောမျိုးစေ့တို့မှာမူကား ကောင်းမွန်သောမြေဆီလွှာပေါ်တွင် ကျသဖြင့် အပင်များပေါက်လာကာ သီးနှံများအဆတစ်ရာမျှ ဖြစ်ထွန်းတတ်ကြ၏” ဟုမိန့်တော်မူလေ၏။ ထိုသို့မိန့်တော်မူပြီးနောက် ကိုယ်တော်က “နားရှိ၍ ကြားနာနိုင်သောသူတို့၊ အာရုံစိုက်၍ နားထောင်ကြလော့” ဟု ကြွေးကြော်တော်မူ၏။


Swiv nou:

Piblisite


Piblisite