Biblia Todo Logo
Bib sou entènèt

- Piblisite -




Luke 8:43 - Musselmani Burmese

43 ထိုလူအစုအဝေးထဲတွင် တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲကပ်နေသော အမျိုးသမီးတစ်ဦးသည်လည်း ရှိနေလေ၏။ သူမသည် ရှိသမျှငွေအကုန်ခံ၍ ဆေးဆရာများစွာတို့နှင့် ကုသသော်လည်း မည်သူမျှ သူမ၏ရောဂါအား ပျောက်ကင်းအောင် ကုသနိုင်ခြင်းမရှိခဲ့ပေ။

Gade chapit la Kopi




Luke 8:43
22 Referans Kwoze  

ဤသို့ဆိုလျှင် တစ်ဆယ့်ရှစ်နှစ်ကြာ မကောင်းဆိုးဝါးပြုစားခံထားရသည့် အာဗြဟံ၏သမီးဖြစ်သော ဤအမျိုးသမီးကိုလည်း ဥပုသ်နေ့၌ လွတ်မြောက်ခွင့်ပေးသင့်သည်မဟုတ်လော” ဟုမိန့်တော်မူ၏။


ထိုနေရာ၌ မကောင်းဆိုးဝါးပြုစားခံရ၍ တစ်ဆယ့်ရှစ်နှစ်ကြာ ခါးကုန်းပြီး တည့်မတ်စွာမရပ်နိုင်သော အမျိုးသမီးတစ်ဦးရှိနေ၏။


ထိုနေရာသို့ရောက်၍ ကိုယ်တော်သည် ကမ်းပေါ်သို့တက်သောအခါ ထိုမြို့မှ မကောင်းဆိုးဝါးပူးကပ်နေသူတစ်ဦးသည် ကိုယ်တော့်အား လာရောက်တွေ့ဆုံလေ၏။ သူ့တွင် မကောင်းဆိုးဝါးပူးကပ်နေသည်မှာ အချိန်ကာလကြာမြင့်ခဲ့ပြီဖြစ်၍ သူသည် အိမ်၌လည်းမနေ၊ အဝတ်အစားလည်းမဝတ်ဘဲ သင်္ချိုင်းဂူများကြားတွင်သာ လှည့်လည်နေထိုင်လေ၏။


အကြောင်းမူကား တစ်ဆယ့်နှစ်နှစ်အရွယ် သူ၏တစ်ဦးတည်းသောသမီးမှာ သေလုမျောပါးဖြစ်နေသောကြောင့်ဖြစ်၏။ ထိုအိမ်သို့ ကြွတော်မူစဉ် များစွာသောလူထုပရိသတ်တို့သည်လည်း ကိုယ်တော့်ကို ဝန်းရံ၍ စုပြုံတိုးဝှေ့လျက် လိုက်ပါလာကြ၏။


ထို့ကြောင့် သူမသည် ကိုယ်တော်၏နောက်တော်ပါးသို့ ချဉ်းကပ်လျှက် ကိုယ်တော်၏ဝတ်ရုံအား လက်ဖြင့်တို့ထိလိုက်သည်နှင့် ချက်ချင်းပင် သူမ၏သွေးသွန်ရောဂါမှာ ပျောက်ကင်းသွားလေ၏။


Swiv nou:

Piblisite


Piblisite