Biblia Todo Logo
Bib sou entènèt

- Piblisite -




Luke 7:28 - Musselmani Burmese

28 ထို့ကြောင့် သင်တို့အား ငါဆိုသည်ကား မိန်းမတို့မှ မွေးဖွားလာသောသူတို့တွင် ယောဟန်ထက်ကြီးမြတ်သောသူမရှိ။ သို့သော်ငြား ဘုရားရှင်၏သာသနာတော်ထဲ၌ အရေးမပါဆုံးသောသူသည်ပင် သူ့ထက် ကြီးမြတ်ပေ၏” ဟုမိန့်တော်မူလေ၏။

Gade chapit la Kopi




Luke 7:28
13 Referans Kwoze  

တပည့်တော်တို့အား “မည်သူမဆို ဤကလေးငယ်ကို ငါ၏နာမ၌ လက်ခံသောသူသည် ငါ့ကိုလက်ခံခြင်းဖြစ်၏။ ငါ့ကိုလက်ခံသောသူသည် ငါ့ကို စေလွှတ်တော်မူသောအရှင်ကို လက်ခံသောသူဖြစ်၏။ အကြောင်းမူကား သင်တို့အားလုံးတွင် အငယ်ဆုံးသောသူသည် အကြီးမြတ်ဆုံးသောသူဖြစ်၏” ဟုမိန့်တော်မူလေ၏။


ထို့ကြောင့် ယောဟန်က သူတို့အား “ငါသည် လူတို့ကို ရေဖြင့် နှစ်ခြင်းမင်္ဂလာပေးသည်မှာမှန်၏။ သို့သော် ငါ့ထက် မြင့်မြတ်သောသူသည် လာနေပြီဖြစ်၏။ ငါသည် သူ၏ဖိနပ်ကြိုးကိုပင် ဖြေပေးရန် မထိုက်တန်ပေ။ သူသည် သင်တို့အား ဉာဏ်အလင်းတော်အားဖြင့်လည်းကောင်း၊ မီးအားဖြင့်လည်းကောင်း နှစ်ခြင်းမင်္ဂလာပြုပေးလိမ့်မည်။


အကြောင်းမူကား ရှေးယခင်ကအရိယာသူတော်စင်တစ်ပါးက ယောဟန်၏အကြောင်းကို ရေးသားထားသည်မှာ ‘ဘုရားရှင်သည် မေရှိယအား ဤသို့မိန့်ဆိုတော်မူ၏။ ၎င်းမှာ “သင့်ကို မစေလွှတ်မီ ငါသည် ငါ၏စေတမန်ကို အလျင်ဦးစွာစေလွှတ်မည်။ သူသည် သင်၏လမ်းစဉ်ကို ပြင်ဆင်ပေးလိမ့်မည်” ဟူ၍ဖြစ်၏။’


ထိုအခါ အခွန်ကောက်ခံသူများမှစ၍ လူအပေါင်းတို့သည် ယောဟန်ထံတွင် ရေနှစ်မင်္ဂလာကိုခံယူခဲ့သဖြင့် ဤစကားကိုကြားနာရသောအခါ ဘုရားရှင်သည် ဖြောင့်မတ်ကြောင်းကို ဝန်ခံကြ၏။


Swiv nou:

Piblisite


Piblisite