Biblia Todo Logo
Bib sou entènèt

- Piblisite -




Luke 7:26 - Musselmani Burmese

26 ဤသို့ဆိုလျှင် မည်သို့သောပုဂ္ဂိုလ်မျိုးကို မြင်လို၍ သင်တို့လာကြသနည်း။ ယောဟန်သည် အရိယာသူတော်စင်တစ်ပါးဖြစ်သောကြောင့် သင်တို့သည် သူ့ကိုမြင်လိုကြသလော။ မှန်ပေ၏။ သို့သော် သင်တို့အား ငါဆိုသည်ကား ယောဟန်သည် သာမန်အရိယာသူတော်စင်တစ်ပါးထက်သာ၍ ကြီးမြတ်ပေ၏။

Gade chapit la Kopi




Luke 7:26
8 Referans Kwoze  

လူတစ်ဦးဦး၏အခွင့်အာဏာဟုဖြေလျှင်လည်း လူထုပရိသတ်တို့သည် ယောဟန်အား အရိယာသူတော်စင်တစ်ပါးဟု ယုံကြည်နေကြသည့်အတွက် လူတို့သည် ငါတို့အား ခဲနှင့်ပေါက်သတ်ကြလိမ့်မည်” ဟုပြောဆိုကြလေ၏။


“အသင်ကလေးငယ်၊ သင်သည် အမြင့်မြတ်ဆုံးသောအလ္လာဟ်အရှင်မြတ်သခင်၏ နဗီတမန်တော်ဟု ခေါ်ခံရလိမ့်မည်။အကြောင်းမူကား သင်သည် အရှင်ကိုယ်တော်အတွက်လမ်းကို အသင့်ပြင်ဆင်ရမည့်ရှေ့တော်ပြေးဖြစ်ပြီးလျှင်၊


မောရှေ၏ပညတ်ကျမ်းနှင့် အရိယာသူတော်စင်ကျမ်းများသည် ရေနှစ်မင်္ဂလာဆရာယောဟန်ပေါ်လာ၍ တရားတော်များမဟောပြောခင်အချိန်တိုင်အောင် သင်တို့အတွက် လိုက်နာရမည့်လမ်းစဉ်များအဖြစ် ရှိခဲ့ကြ၏။ သို့သော် ယခုယောဟန်ပေါ်လာပြီးသည့်နောက် ဘုရားရှင်၏သာသနာတော်နှင့်ဆိုင်သည့် မင်္ဂလာသတင်းကောင်းကို ဟောပြောသည့်အခါ လူအပေါင်းတို့သည်လည်း သာသနာတော်သို့ အတင်းတိုးဝင်ကြ၏။


သို့ဖြစ်လျှင် မည်သည့်အရာကို မြင်လို၍ ထိုအရပ်သို့လာကြသနည်း။ ဝတ်ကောင်းစားလှဝတ်ထားသည့် တစ်စုံတစ်ဦးကို မြင်လိုသလော။ ထိုသို့မဟုတ်။ ဝတ်ကောင်းစားလှဝတ်၍ စည်းစိမ်ခံစားနေကြသောသူများကို ဘုရင်၏နန်းတော်တွင်သာ မြင်နိုင်၏။


အကြောင်းမူကား ရှေးယခင်ကအရိယာသူတော်စင်တစ်ပါးက ယောဟန်၏အကြောင်းကို ရေးသားထားသည်မှာ ‘ဘုရားရှင်သည် မေရှိယအား ဤသို့မိန့်ဆိုတော်မူ၏။ ၎င်းမှာ “သင့်ကို မစေလွှတ်မီ ငါသည် ငါ၏စေတမန်ကို အလျင်ဦးစွာစေလွှတ်မည်။ သူသည် သင်၏လမ်းစဉ်ကို ပြင်ဆင်ပေးလိမ့်မည်” ဟူ၍ဖြစ်၏။’


Swiv nou:

Piblisite


Piblisite